ကချင်ပြည်နယ်အတွက် ဆိုးရွားသောနေ့သစ်များ

ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့သည် ဆိုရွားသောအတိတ်က နေ့ရက်များ ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ရသည်။ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော လွန်ခဲ့သောဆယ်စုနှစ်များအတွင်းကဆိုလျှင် လက်ဘက်ရည်ဆိုင်တွင် စကားပြောခြင်း၊ သတင်းထောက်များလုံခြုံရာအရပ်တွင် ပုန်းအောင်းနေရခြင်းစသဖြင့် သတင်းပေးများ အရိပ်အခြည်မှ လွတ်အောင်ရှောင်ခဲ့ရသည်။ ထိုအဖြစ်များနှင့်အတူ မြန်မာနိုင်ငံသည် ပိုမိုအထီး ကျန်လာခဲ့ပြီး စီးပွားရေးကလည်း သူ့အလိုလိုပိတ် ဆို့လာခဲ့တော့သည်။ ရန်ကုန်အလားတူ မြန်မာနိုင်ငံမြောက်ပိုင်း…

ပင်တဂွန်ဖိတ်ကြားမှုဖြင့် ထိုင်းနိုင်ငံကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ US သို့ ၁၀ ရက်ကြာခရီးရောက်ရှိ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ပင်တဂွန်၏ ဖိတ်ကြားမှုကြောင့် ထိုင်းနိုင်ငံကာကွယ်‌ရေးတပ်ဖွဲ့များ၏ အကြီးအကဲ ဗိုလ်ချုပ် Chalermpol Srisawat သည် အမေရိကန်ပြည်ထောင်စုသို့ တရားဝင်အလည်အပတ်ခရီးစဥ်အတွက် ထွက်ခွာသွားပြီဟု သတင်းအရင်းအမြစ်တစ်ခုမှ ပြောကြားခဲ့သည်။ ထိုသတင်းအရင်းအမြစ်၏ ပြောကြားချက်အရ ယခုခရီးစဥ်သည် လွန်ခဲ့သော ၂ နှစ်၊ ကိုဗစ်ကပ်ဘေး ဖြစ်ပေါ်ပြီးနောက် ပထမဦးဆုံးသွားရောက် ခရီးဖြစ်သည်ဟု ပါရှိသည်။ ဗိုလ်ချုပ် Chalermpol နှင့်…

၂၀၂၂ ခုနှစ်တွင် တည်ငြိမ်မှုကိုဦးတည်ပြီး ဖွံ့ဖြိုးရေးကို အတိုင်းအတာတခုအထိ ဆက်လက် ထိန်းသိမ်းသွားမည် ဟု တရုတ်ပြော

ဘေဂျင်း၊ ဒီဇင်ဘာ ၁၁ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးကို ပိုမိုတည်ငြိမ်စေဖို့ အာရုံထားမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးသင့်အကြောင်းသင့်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်မည်ဟု ထိပ်တန်း ခေါင်းဆောင်များတွေ့ဆုံမှုပြီး‌နောက် သောကြာ‌နေ့တွင် ဆင်ဟွာသတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ဆင်ဟွာသတင်းအေဂျင်စီ၏ သတင်းအစီရင်ခံမှုအရ နှစ်စဥ် ဗဟိုစီးပွား‌ရေးဆိုင်ရာ ကွန်ဖရင့်ကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး…

လောင်းလုံး ဒေသခံ (၃၀)ကျော်နှင့်ဆိုင်ကယ်တွေကို စစ်ကောင်စီ ဖမ်းပြီး ပိုက်ဆံနှင့် ပြန်ရွေးခိုင်းနေ

လောင်းလုံး၊ ဒီဇင်ဘာ ၁၂ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးသွားတဲ့အပြင် ဆိုင်ကယ်အစီး ၃၀ ကျော်ကိုပါ သိမ်းဆည်းသွားပြီး ဆိုင်ကယ်တွေကို ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဆိုပါည ၁၀ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဝေဒီကျေးရွာကို ရောက်ရှိလာပြီး တစ်အိမ်တက်တင်း…

မွန်က SMEလုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်နေလို့ ရေရှည်ရပ်တည်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၂) မွန်ပြည်နယ်အတွင်းက အသေးစား၊အလတ်စား SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ SMEလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရတာ၊ မြန်မာငွေကြေးတန်ဖိုး ကျဆင်းပြီး သွင်းအားစု ကုန်ပစ္စည်းတွေ မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေ ကြီးမြင့်နေတာကြောင့် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်ကြတာ…

အမျိုးသမီးတွေကို ဥပဒေမဲ့ညှင်းပန်းနှိပ်စက်တာတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုမိုကျူးလွန်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၂) ဖာပွန်ခရိုင်က တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ညဉ်းပန်းနှိပ်စက်တာ၊ အထမ်းသမား ပေါ်တာအဖြစ်ခိုင်းစေတာနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာမှာ ဒေသခံ အမျိုးသမီးတွေကို အဓမ္မခိုင်းစေတာနဲ့ အဓမ္မလုပ်အားပေး စေခိုင်းရာမှာလည်း အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက…

လူအခွင့်ရေးချိုးဖောက်ခံနေရတဲ့ လူနည်းစုတိုင်းရင်းသားတွေ ဘဝရပ်တည်ဖို့ပင် အခက်အခဲ ရှိနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေပြည်သူကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာအပြင် အတင်းအဓမ္မပေါ်တာဆွဲတာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကြောင့် လူအခွင့်အရေးတွေ အကြီးအကျယ် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့…