ပေါက်တောမှာ စစ်တပ်ကရွာကိုမီးရှို့ပြီး ရက္ခိုင့်တပ်တော် AA ကိုအပြစ်ဖို့သတင်းမှားဖြန့်နေ
မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊ပေါက်တောမြို့ တောင်ဘူးကျေးရွာကို စစ်တပ်ကဝင်ရောက်လာစဉ် AA က ရွာကို မီးရှို့ထွက်ပြေးတယ်ဆိုပြီး သတင်းမှားဖြန့်နေတဲ့အကြောင်းကို ဒီနေ့မှာစိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ Ko Thet၊ကျော်စွာ၊ရဲဘညွန့်နဲ့ ဟန်ငြိမ်းဦးတို့မှာ…