မော်လမြိုင်မှာ ရဲနဲ့စစ်သားတွေက လူငယ်တွေကို ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေတဲ့ အပြင် ငွေညွှစ်နေတာတွေက သတင်းမှားဆိုပြီးဖြန့်နေ
မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ ရဲနဲ့စစ်သားတွေက လူငယ်တွေကိုဖမ်းဆီးပြီး တပ်သားသစ်စု ဆောင်းနေတာအပြင် ငွေညှစ်နေတာတွေက သတင်းအမှားဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို MRTV၊ MWD၊Saw Ba Maung၊ ဟန်ငြိမ်းဦးနဲ့…