နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ပူတင် သတိပေး
မော်စကို ၊ မတ် ၂ အနောက်အုပ်စုအနေနဲ့ ယူကရိန်းစစ်ပွဲကို စစ်အရှိန်မြင့်လာအောင်လုပ်ဆောင်နေပါက နျူစစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိလာမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးလိုက်ပါတယ်။ မော်စကိုမြို့မှာပြောခဲ့တဲ့ နှစ်စဉ်မိန့်ခွန်းမှာ ပူတင်က အနောက်တိုင်းအနေနဲ့ ဘယ်နိုင်ငံကမဆို ယူကရိန်းကို စစ်သားတွေ စေလွှတ်ခဲ့မယ်ဆိုပါက ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ အနောက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ မိမိတို့ဆီမှာ…