နိုင်ငံတကာ

ရုရှားကျူးကျော်မှုကို ဆန့်ကျင်ဖို့ သံအမတ် ၂၅ ဦး တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ်ပယ်ချ

ဘန်ကောက်၊ မတ် ၅ ယူကရိန်းသို့ ရုရှားကျုးကျော်ဝင်ရောက်မှုကို ဆန့်ကျင်သည်ဟုဆိုသည့် ထိုင်းအစိုးရအဖွဲ့၏ ရပ်တည် ချက်ကို ရယူရန် ဘန်ကောက်မြို့ရှိ သံအမတ် ၂၅ ဦး၏ တောင်းဆိုချက်ကို ဝန်ကြီးချုပ်ပရရွတ် ချန်အိုချာမှ ဘေးဖယ်ထားခဲ့ပြီးဖြစ်သည်။ အင်္ဂါနေ့က ကျင်းပသော အပတ်စဥ် အစိုးရအစည်းအဝေးအပြီး ဝန်ကြီးချုပ်က သတင်းထောက်များသို့ ပြောကြားရာတွင် “ကျွန်ုပ်တို့နဲ့ ဒီကိစ္စအ‌ပေါ် မျှချေကိုပဲ ထိန်းသိမ်းဖို့လိုတယ်” ဟုပါရှိသည်။…

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ၃ ရက်တာ ခရီးသွားရောက်မည်

ဖနွမ်ပင်၊ မတ် ၄ လွန်ခဲ့သောနှစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခများဖြစ်ပေါ်နေသော တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးဖြစ်စဥ်တစ်ရပ် အစပြုရန် ကြိုးပမ်းအားထုတ်မှု တစ်ရပ်အဖြစ် အာဆီယံအထူးကိုယ်စားလှယ်သည် မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဥ်ထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆွန်ခွန်သည် လွန်ခဲ့သော လအတွင်းက…

ယူကရိန်းက ဥရောပအကြီးဆုံး နျူစက်ရုံကို ရုရှားတိုက်ခိုက်ပြီးနောက် မီးလောင်ကျွမ်း

ကိဗ်၊ မတ် ၄ ယူကရိန်းရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကို ရုရှားက တိုက်ခိုက်ပြီးနောက် မီးလောင် ခဲ့ကြောင်း ဒေသန္တရမြို့တော်ဝန်က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံရှိ (Zaporizhzhia) နျူကလီးယားဓာတ်အားပေးစက်ရုံသည် ရုရှားတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု ကြောင့် စက်ရုံ၏အပြင်ဘက်ရှိ လေ့ကျင့်ရေးအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် အရေးပေါ်ဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို…

အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့ ဂျော်ဂျီယာ ပြင်ဆင်

တူပီလစီ၊ မတ် ၄ ဥရောပပါလီမန်က စစ်ဘေးဒဏ်ကို ဆိုးရွားစွာခံစားရတဲ့ ယူကရိန်းနိုင်ငံကို အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် ကမ်းလှမ်းချက်ကို ထောက်ခံပေးပြီးနောက် တစ်ရက်အကြာတွင် ဂျော်ဂျီယာသည် အီးယူအဖွဲ့ဝင်အဖြစ် အနှေးနဲ့ အမြန်လျှောက်ထားမည်ဖြစ်ကြောင်း ပင်လယ်နက်နိုင်ငံ၏ အာဏာရပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိ အာဏာရပါတီ ဂျော်ဂျီယာရဲ့အိပ်မက်ပါတီ ဥက္ကဋ္ဌ အိုင်ရာကလီ ကိုဘာခိဒ်ဇီက အီးယူ အဖွဲ့ဝင်အဖြစ် ချက်ချင်း လျှောက်ထားရန်…

ကန် – အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် မြန်မာက နိုင်ငံရေးရာထူးမရှိသူကိုသာ ဖိတ်ကြား

ဝါရှင်တန်၊ မတ် ၃ ယခုလအတွင်း ဝါရှင်တန်၌ ကျင်းပမည့် အာဆီယံ ၁၀ နိုင်ငံ မဟာမိတ်နှင့် ထိပ်သီးဆွေးနွေးပွဲသို့ စစ်တပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံမှ နိုင်ငံရေးရာထူးမရှိတဲ့ ကိုယ်စားလှယ်ကို အာဆီယံ၏ ဦးဆောင်မှုဖြင့် ဖိတ်ကြားသွားမည်ဟု အမေရိကန်ပြည်ထောင်စုက မတ်လ ၂ ရက်တွင် ပြောကြားပါခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မတ် ၂၈ ရက်နှင့် ၂၉…

ဒေါ်လာငွေ အကြပ်အတည်းကြောင့် သီရိလင်္ကာမှာ လောင်စာဆီ ပြတ်လပ်မှု ဖြစ်ပေါ်

ကိုလံဘို၊ မတ် ၄ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားငွေကြေးလဲလှယ်မှုအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ပြီး လောင်စာဆီတင် သွင်းရန် ဒေါ်လာငွေ မရှိဘဲ ဘတ်စ်ကားများတွင် ဒီဇယ်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ခုလုံး ချိနဲ့ နေသည်ဟု အာဏာပိုင်များမှ မတ်လ ၂ ရက်နေ့တွင် ပြော ကြားခဲ့သည်။ ပုဂ္ဂလိက ဘတ်စ်ကားပိုင်ရှင်များအသင်း၏ ပြောကြားချက်အရ ယာဥ်မောင်းများအနေဖြင့် လောင်စာ ဆီဖြည့်နိုင်ံရန်အတွက်…

ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ပူတင်ရဲ့ ဂုဏ်ထူးဆောင်ခါးပတ်နက်ကို ရုပ်သိမ်း

ကိဗ်၊ မတ် ၃ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နိုင်ငံတကာ အားကစား အုပ်ချုပ်ရေးအဖွဲ့မှ တိုက်ကွမ်ဒို၌ ၎င်း၏ ဂုဏ်ထူးဆောင် ခါးပတ်နက်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ရုပ်သိမ်းခဲ့ပါသည်။ ကိယက်ဗ်မြို့အပြင်ဘက်တွင် ရုရှားတပ်များ စုဝေးနေပြီး ထောင်နှင့်ချီသော ယူကရိန်းဒုက္ခသည်များသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေရကာ ပူတင်နှင့် ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်များအပြင် ရုရှားနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ်…

ထိုင်ဝမ်မှ ဆေးဝါးအထောက်အပံ့အကူအညီ ၂၇ တန်ကို ယူကရိန်းသို့ ပို့ဆောင်

တိုင်ပေ၊ မတ် ၃ ထိုင်ဝမ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ဆေးပစ္စည်း အထောက်အပံ့ ၂၇တန်ကိုပေးပို့ခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းအတွင်းက ဒီမိုကရက်တစ်အစုအဝေး၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသို့ ကူညီပေးအပ်မှုအဖြစ် ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်သည် ဟု ထိုင်ဝမ်အစိုးရမှ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံသည် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ကန့်သတ်မှုများ ဆောင်ရွက် နေသည့် အနောက်နိုင်ငံမဟာမိတ်များထံသို့ ပါဝင်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏…

ပူတင်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကြိုးစားနေတယ်လို့ ယူကေ အစိုးရ သတိပေး

လန်ဒန်၊ မတ် ၂ ယူကရိန်းရှိ မြို့တစ်မြို့ကိုဝင်ရောက်စီးနင်းချိန်တွင် သတ်မှတ်ခွဲခြားခြင်းမရှိတဲ့ ပစ်ခတ်မှုကြောင့် မစ္စတာပူတင်နှင့် ယူကရိန်းရှိ ယင်း၏ ကွပ်ကဲရေးမှူးများသည် စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆို ခံရမည်ဖြစ်ကြောင်း ယူကေအစိုးရမှ သတိပေးလိုက်သည်။ ခါကိဗ်မြို့သို့ အမြှောက်ဖြင့် ပစ်ခတ်လိုက်ချိန်တွင် ကျောင်းအဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပြီး အနည်းဆုံး အရပ်သား ၁၁ ယောက်သေဆုံးခဲ့သည်ဟု မြို့တော်ဝန်ထုတ်ပြန်ချက် အရ သိရသည်။ ဗြိတိန်သတင်းစာများ ရှေ့မျက်နှာဖုံးများတွင်…

မြန်မာစစ်တပ်က ပြည်ပမီဒီယာတွေကို ဘက်လိုက်တယ်လို့ စွပ်စွဲ

ရန်ကုန်၊ မတ် ၁ နိုင်ငံတွင်း အဖြစ်အပျက်များကို သတင်းမှားများ ရေးသားဖော်ပြခြင်းနှင့် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် “အကြမ်းဖက်သမားများ” မှ လွဲမှားသော သတင်းအချက်အလက်များဖြင့် လှည့်ဖြားခြင်းခံရသည်ဟုဆိုကာ ပြည်ပမီဒီယာများကို ဘက်လိုက်ဖော်ပြသည်ဟု မြန်မာစစ်တပ်က တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချခဲ့ပါသည်။ ရှားရှားပါးပါး ထုတ်ပြန်ချက်တစ်ခုတွင် စစ်ကောင်စီက မီဒီယာများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မိတ်ဆွေဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့် နိုင်ငံသားများကို ကာကွယ်ရန်…