သတင်းဆောင်းပါး

အွန်လိုင်းပေါ်က လိင်ဝန်ဆောင်သူ

လူခြေတိတ်ချိန် ည(၁၀)နာရီဝန်းကျင်မှာ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုရဲ့ (၆)ပေ ပတ်လည် ထပ်ခိုးတခုမှာ မသော်တာ (အမည်လွှဲ) တယောက် ဖုန်းတစ်လုံးနှင့် အလုပ်များ နေပါတယ်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ညအချိန်တွေမှာ လမ်းတွေက လူသူသွားလာမှု ငြိမ်သက်နေပြီး တခါတရံ မသော်တာနေတဲ့ အိမ်အနားမှာ ခွေးဟောင်သံမှ အပ အရာအားလုံးက တိတ်ဆိတ်နေပါတယ်။…

ပိုမိုကြီးထွားလာတဲ့ မှောင်ခိုငွေကြေး စျေးကွက်

အာဏာသိမ်း စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ဟာ မှောင်ခိုငွေကြေး စျေးကွက်တစ်ခု ဖန်တီးလိုက်တာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ငွေကြေးတာဝန်ခံမှုအပေါ် ချိုးဖျက်လိုက်တာလည်းဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကို ပြည်သူတစ်ရပ်လုံး အကြီးအကျယ် ခံစားခဲ့ရပါတယ်။ စစ်အုပ်စုရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ တရားဝင် အသုံးပြုနေတဲ့ ငွေကြေးကို မှောင်ခိုစျေးကွက်မှာ ရာခိုင်နှုန်းအမျိုးမျိုးနဲ့ လဲလှယ် သုံးစွဲလာရပါတယ်။…

မော်လမြိုင်ပြည်သူတွေ သွေးမြေကျခဲ့တဲ့ ဩဂုတ် ၂၂

တပါတီအာဏာရှင်စနစ်ကို ဦးစီးခဲ့ပြီး မြန်မာပြည်ကို အတိဒုက္ခရောက်အောင် ကြိုးပမ်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တွန်းလှန်သည့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့မှာ စတင်ခဲ့သည့် ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံကြီးတွင် မော်လမြိုင်က ကျောင်းသားလူငယ်၊ ပြည်သူများလည်း တက်တက်ကြွကြွပါဝင်ခဲ့သည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ခေါင်းဆောင်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့တွင် အမျိုးမျိုးသောအဖွဲ့စုံသပိတ်စစ်ကြောင်းများ မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည့် မြင်ကွင်းမျိုးက…

လမိုင်းမြို့မှ ကျပ်ဘီလီယံ(၂၀)ကျော်တန် အွန်လိုင်းလေလံမဲ အဓိကရုဏ်း

မော်လမြိုင်၊ မေ ၂၅ လမိုင်းမြို့ရဲ့ နေဝင်ချိန် ညဘက်တွေမှာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေဟာ ရပ်ကွက်ထိပ်လမ်းမများတွင် အစုအဖွဲ့ကိုယ်စီနှင့် လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေကြသည်။ ယင်းမြင်ကွင်းဟာ မေလ ၂၂ ရက်နေ့က စတင်ခဲ့သည့် အွန်လိုင်းလေလံမဲစနစ်လိမ်လည်မှုကြောင့် လမိုင်းမြို့တွင် ဆူပှုအကြမ်းဖက်မှုတွေ ဖြစ်ပွားလာပြီးနောက် မိမိတို့၏နေအိမ် လုံခြုံရေးအတွက် တစ်အိမ်လျှင် အမျိုးသားတစ်ယောက်နှုန်းဖြင့် ကင်းစောင့်နေကြခြင်း ဖြစ်သည်။ အွန်လိုင်းလေလံမဲကစားကြရာမှ သတ်မှတ်ထားသည့်ရက်တွင်…

မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ

မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ ++++++++++++++++++++++++++++++++++++++++++ မဲခွဲမှုရှုံးနိမ့်ခဲ့ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်သူ တင်သွင်းသည့် မွန်ပြည်နယ်ရှိ မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများ ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၌ ဆွေးနွေးခဲ့ပြီး ထောက်ခံသူနှင့် ကန့်ကွက်သူများ ရှိနေသဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုထောက်ခံသူ (၁၀)မဲ၊ ကန့်ကွက်သူ (၁၆)မဲရှိခဲ့သဖြင့်…

မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းထုတ်ပြန်မှုက ဘယ်လောက်အလုပ်ဖြစ်သလဲ

နှစ်ပေါင်း ၄၇ နှစ်အတွင်း စံချိန်တွင် မိုးရေချိန် ၁၃.၇၀ လက်မရွာသွန်းခဲ့မှုကြောင့် မော်လမြိုင်မြို့နယ်အပါအဝင် မွန်ပြည်နယ်ရှိနေရာအတော်များများတွင် ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှုများ ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။ ဇွန်လ(၁၇)ရက်နေ့ မနက်(၂း၃၀)ဝန်းကျင်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မနက်(၄)နာရီဝန်းကျင်တွင် မော်လမြိုင်မြို့ရှိ ရေကြီးနစ်မြုပ်နေကျနေရာအပြင် ရေကြီးနစ်မြုပ်မှုနည်းပါးသည့် နေရာတွင်ပါ ရေများ နစ်မြုပ်ခဲ့သည်။ ထိုအဖြစ်အပျက်ဖြစ်လာမည်ကို မည်သူကြိုတင် သိရှိခဲ့သနည်း။ ယင်းနေ့…

သမာဓိပျောက် ရှာပုံတော်

အရုဏ်ဦးလင်းရောင်ခြည်ပေါ်ခါစ မနက်ပိုင်းအချိန် ပေါင်မြို့ဈေးကြီး၏ အနောက်ဘက်ခြမ်းသို့ ဝင် လိုက်သည်နှင့် တစ်ပြိုင်နက် ညှီစို့စို့အနံ့နှင့်အတူ “ဒီနေ့တော့ စလားဗီးယားတွေ ပေါတယ်။ နှစ်ထောင်ဈေးပဲ ဟေ့”ဆိုတဲ့ လက်ထဲတွင်အလေးချိန်ခွင်ကိုင်ထားသည့် ငါးရောင်းသူ အမျိုးသမီးကြီးတစ်ဦး၏ ကျယ်လောင် သော အသံက တစ်ဈေးလုံးသို့ လွှမ်းမိုးသွားသည်ဟု ထင်ရလောက်အောင် ရှိနေလေသည်။

“ နစ်နာမှုအတွက် တိုင်စာများပေးပို့ကြသည်ဆိုရာဝယ် ”

ရဲနိုင်ဦး အစိုးရသစ်တက်လာပြီးသည့် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်မှ မေလ ၅ ရက်အထိ တစ်လကျော်အကြာ နိုင်ငံတော်သမ္မတရုံးမှာ တိုင်စာပေါင်း ၁၉၇၃ စောင်ရောက်ရှိခဲ့တယ်လို့ သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယူကနား

ဝရဇိန် (ပေါင်) အိမ်ရှေ့မျက်နှာစာအပြည့်ထိုးထားတဲ့ မဏ္ဍာပ်ကနားကြီးထဲက စင်တန်းကြီးပေါ်မှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေ ၃၀၊ ၄၀ကျော်။ လင်ဗန်း တစ်ခုထဲမှာတော့ ထမင်းဆုတ်၊ ငါးကင်၊ မုန့်ပိန္နဲစေ့ပန်းကန်၊ မုန့်ဆီကြော်တွေအပြင် လိပ်တစ်ကောင်ကိုပါတွေ့ရပြီး အခြားအမျိုးအမည်စုံလင်လှတဲ့ အသီးအနှံတွေ၊ မုန့်တွေကို ထည့်ထားပါတယ်။ ဆိုင်းဝိုင်းကတီးခတ်လိုက်တဲ့ မွန်ရိုးရာနတ်သီချင်းတီးလုံး သံစည်းချက် နှင့်အညီ ဆွေမျိုးအစုံအလင်တို့ တစ်ပျော်တစ်ပါး ကခုန်နေကြပါတယ်။ အဖိုး၊ အဖေတို့လက်ထက် ကတည်းက…

“အာ ဝါ ဒေး” ကို “အထာ” ပေးသူများ

ဝရဇိန် (ပေါင်) မလှမ်းကမ်းကနေလှမ်းကြည့်လိုက်ရင်ပဲ ပူပြင်းတဲ့နေရောင်အောက်မှာ ဆိုင်ကယ်အစီး၅၀လောက်နဲ့ကား ၃/၄စီး ရပ်တန့်ထားတာကို တွေ့နိုင် ပါတယ်။ ပူပြင်းလှတဲ့နေအပူရှိန်အောက်က လယ်ကွင်းလွင်ပြင် တစ်ဧက လောက်မှာ ဟိုဟိုဒီဒီထိုးထားတဲ့ရွက်ဖျဉ်တဲတွေရှိနေပါတယ်။ ကွင်းထဲရောက် နေသူအားလုံးဟာ တစ်နည်း မဟုတ်တစ်နည်းနဲ့ ဝိုင်းတစ်ခုခုမှာ စုအုံဝိုင်းဖွဲ့နေကြတာကိုတွေ့နိုင်ပါတယ်။