လာမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် စစ်ကောင်စီအနေနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပြီးလဲ။ မွန်ပြည်နယ်တဝန်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုအပေါ် ပြည်နယ်စစ်ကောင်စီက အရေးယူဖို့ ရှိပါသလား၊ ခြိမ်းခြောက် ငွေကြေးတောင်းခံနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ ဘာကြောင့် ခက်ခဲနေတာလဲ။ ဘတ်ဂျက်ငွေသုံးစွဲမှုကို ပြည်သူထံ ချပြသွားဖို့ ရှိပါသလား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းနဲ့ ဆက်သွယ်မေးမြန်းချက်။
လာမယ့် ရွေးကောက်ပွဲအတွက် ဘာတွေ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး လောလောဆယ်တော့ အစိုးရအနေနဲ့ ဘာမှမရှိသေးဘူခင်ဗျ။ အစီအစဉ် ဘာမှမလုပ်သေးဘူး။ ကော်မရှင်အဖွဲ့ကတော့ လုပ်ရမယ့် လုပ်ငန်းတွေ လုပ်နေတာပေါ့နော်။ ကော်မရှင်နဲ့အတူ လ.ဝ.က လည်း လုပ်နေတဲ့ကိစ္စတွေ ရှိတယ်။ အစိုးရအဖွဲ့အနေနဲ့တော့ ဘာမှ မလုပ်သေးဘူး။ အခုနောက်ပိုင်း မွန်ပြည်နယ်တစ်ဝန်းမှာ ယာဉ်ထိန်းရဲတွေ မပါဘဲ စစ်တပ်နဲ့…