သတင်း

ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို KNLA ပူးပေါင်းအဖွဲ့ စတင်တိုက်ခိုက်

လှိုင်းဘွဲ၊ မေ ၁၁ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာမှာ ခြေကုပ်ယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်နေပြီး စခန်းမကျရေးအ တွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ တာလယ်ကျေးရွာဟာ တပ်မ ဟာ ၇ နယ်မြေ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ)မြို့နယ်ထဲမှာ…

ရေးမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် လေးဦးသေဆုံး

ရေး၊ မေ ၁၁ မွန်ပြည်နယ် ရေးမြို့နယ် ကူးတို့ဆိပ်နဲ့ ကားဆိပ်ကျေးရွာကြားမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ မေ ၁၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ အင်အား ၈၀ ကျော်နဲ့ လမိုင်းမြို့ကနေတဆင့် ကူးတို့ဆိပ်ကျေးရွာကို ကားနဲ့ဆင်းသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကူးတို့ဆိပ်ကျေးရွာကနေ…

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲ

မော်လမြိုင် ၊ မေ ၁၁ မိုင်းခွဲဖျက်ဆီးခံရတဲ့ ရထားလမ်း ပြန်လည်ပြင်ဆင်မှု ပြီးစီးသွားပြီးဖြစ်တဲ့အတွက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို မေ ၁၀ ရက်နေ့ကစလို့ ပြန်လည်ပြေးဆွဲနေပြီလို့ မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းဖြစ်တဲ့ နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြားရှိ ရထားလမ်းတံတား အမှတ် ၆၅ ဟာ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့…

ICC မှာ အဖမ်းခံထားရတဲ့ ဒူတာတေး မြို့တော်ဝန် ရွေးကောက်ပွဲ ဝင်ပြိုင်

ဒါဗောင် စီးတီး၊ မေ ၁၀ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ သည်ဟေ့ဂ်မြို့မှာ ဖမ်းဆီးခံထားရပြီး သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွက် အမှု ရင်ဆိုင် နေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့ ဒါဗောင်စီးတီးမှာတော့ သမ္မတဟောင်း ဒူတာတေးဟာ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မြို့တော်ဝန် ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်နေပြီး သူအနိုင်ရမယ်လို့…

မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ် ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစားဖို့ စစ်ခေါင်းဆောင်ကို ရှီကျင့်ဖျင် တိုက်တွန်း

မော်စကို၊ မေ ၁၀ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မေ ၉ ရက် တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်ကို ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မော်နင်က လူမှုမီဒီယာ X ပေါ်မှာ ရေးသားခဲ့ပါတယ်။ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာနဲ့…

ပုလောမြို့မရဲစခန်း ဝင်တိုက်ခံရလို့ ဒုရဲအုပ်အပါအဝင် နှစ်ဦးသေဆုံး

ပုလော၊ မေ ၁၀ တနင်္သာရီတိုင်း ပုလောမြို့ရှိ ပုလောမြို့မရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ဒုရဲအုပ်အ ပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ မနေ့ မေ ၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပုလောမြို့မရဲ စခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု…

နောင်ချိုမှာ စစ်တပ်လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံလေးဦးသေဆုံး

နောင်ချို ၊မေ ၁၀ ရှမ်းပြည်နယ် နောင်ချိုမြို့ နယ် သရက်ချိုကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံလေးဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က မင်္ဂလာဆောင် ပြုလုပ်နေတဲ့ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာကို စစ်ကောင်စီရဲ့ အမှတ် ၉၁၀…

ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ကော့ကရိတ်၊ မေ ၁၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လှိုင်ကွယ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မေ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ လှိုင်ကွယ်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို လက် နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းပေါ်ရှိနေတဲ့ဆရာတော် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကြီးကျည်စထိမှန်ခဲ့တဲ့ သက်တော် ၅၆…

စစ်အာဏာသိမ်း (၁၅၅၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၂၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၀ AAPP ရဲ့ မေ ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၉) ရက်အတွင်း ပြည်သူ (၆၆၂၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၃၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ တပ်အင်အား သောင်းနဲ့ချီတိုးလာ

မော်လမြိုင် ၊ မေ ၁၀ စစ်သည်အင်အားလိုအပ်ချက်အရ စစ်ကောင်စီ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေကို အတင်းအဓမ္မ နည်းမျိုးစုံ စုဆောင်းပြီး စစ်မှုထမ်းသင်တန်းတွေကနေ အင် အားသောင်းနဲ့ချီ ရရှိလာနေပါတယ်။ နိုင်ငံ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၁ ကနေ ၁၀ အထိ သင်တန်းဆင်းပြီးတဲ့ တပ်သားအရေအတွက် ငါးသောင်းလောက်…