သတင်း

တော်လှန်ရေးကာလအတွင်း လောင်းလုံး PDF ရဲဘော် ၂၀ ဦး ကျဆုံး

လောင်းလုံး၊ နိုဝင်ဘာ ၁၆ နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ LLPDF က ရဲဘော် ၂၀ ဦး ကျဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ LLPDF ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က တော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအားရည်စူးပြီး…

မြိတ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

မြိတ်၊ နိုဝင်ဘာ ၁၆ တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်အစောပိုင်းက တုံးဗျောကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့တာပါ။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး အခင်းဖြစ်ရာ နေရာမှာပဲ…

သံဖြူဇရပ်တိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ အဆက် မပြတ်တိုက်ခိုက်နေ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၆ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး စ ခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်…

စလင်းက စစ်ကောင်စီကာကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်

မကွေး နိုဝင်ဘာ ၁၅ မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့က ဆုတ်လေဦး စစ်ကောင်စီ ကာကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ အဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ နိုဝင်ဘာ ၁၅ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်ကတည်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စခန်းကိုပါ အပိုင်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုချိန်ထိတော့ စကစဘက်က လှုပ်ရှားမှုမတွေ့ရသေးဘူး။ သူတို့တွေပြေးတော့…

ထိုင်းနိုင်ငံမှာ မြန်မာ နှစ်ဦး ပစ်သတ်ခံရ

ဆာမွတ်ဆာခွန်၊ နိုဝင်ဘာ ၁၅ ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်မြို့မှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရတ်ချာဘူရီ ပြည်နယ် ဆွန်ဖွန်ဒေသမှာ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့၊ ဆရာဝန်နဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ရောက်ရှိသွားချိန်မှာ အလောင်း နှစ်လောင်းကို ဖုန်ဆွန်ခို့ ရွာဆီ…

အသေခံဒရုန်း အစုအပြုံလိုက် ထုတ်လုပ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ညွှန်ကြား

ဆိုးလ်၊ နိုဝင်ဘာ ၁၅ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က အသေခံဒရုန်း စမ်းသပ်မှု တစ်ခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဝေဟင်ထဲက လက်နက်တွေ ဖြစ်တဲ့ အဲဒီလို ဒရုန်းတွေကို ကမ္ဘာတဝန်းမှာ မိတ်ဆက်လိုက်ရင် စစ်ရေးသီအိုရီကို ခေတ်နဲ့ ညီအောင် လုပ်ဆောင်ဖို့…

အာဏာသိမ်းမှုအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၅ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် အောက်တိုဘာလအထိ နိုင်ငံတဝန်းမှာ သတင်းသမား ၂၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အသံအဖွဲ့ရဲ့ စာရင်းတွေအရ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၈၉ ဦးနဲ့ အမျိုးသမီး ၂၆…

နောင်ချိုမြို့ ထပ်မံဗုံးကြဲခံရ

နောင်ချို၊ နိုဝင်ဘာ ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ တအင်းတပ်မတော် TNLA က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုတာ တိုက်ခိုက်ရေးလေယာဉ်နဲ့ ပေါင်…

စစ်အာဏာသိမ်း (၁၃၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၅ AAPP ရဲ့ နိုဝင်ဘာ ၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၈၃) ရက်အတွင်း ပြည်သူ (၅၉၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဖွဲ့စည်းပုံနဲ့ဖက်ဒရယ်အရေး အားလုံးပါဝင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ အပစ်ရပ်အဖွဲ့ပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၁၅ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးမှုဖြစ်ရေး ကြိုးပမ်းသွားမယ်လို့ အပစ်ရပ်မဟာမိတ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်တဲ့ စုဖွဲ့ပါဝင်မှုတွေရှိဖို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကြိုးပမ်းဆောင်ရွက်သွားဖို့ စဉ်းစားချက်တွေရှိတယ်လို့ သူကဆိုပါတယ်။ “လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့…