စက်သုံးဆီဈေးနှုန်း ကျဆင်းလာလို့ ပြည်သူတွေ စိတ်ချမ်းသာစွာ ဝယ်ယူသုံးစွဲနေရပြီလို့ စစ်ကောင်စီဝါဒဖြန့်
မော်လမြိုင် ၊ ဧပြီ ၂၆ နိုင်ငံအတွင်းမှာ စက်သုံးဆီဖူလုံမှု ရှိပြီး ဈေးနှုန်းကျဆင်းလာတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာစွာ ဝယ်ယူသုံးစွဲလျက်ရှိတယ်လို့ ဧပြီ ၂၃ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ထိ စက်သုံးဆီ တစ်လီတာကို ကျပ် ၃၁၀၀ ကျော်ရှိရာမှ ဧပြီ ၁၈…