စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ NUG တိုက်တွန်း
နေပြည်တော် ၊ ဧပြီ ၂၉ လက်ရှိ မြန်မာပြည်သူလူထုအပေါ် စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံက လျစ်လျူမရှုဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။ အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေ ထိရောက်စွာ အကူအညီပေးနိုင်မှာ မဟုတ်ဘူးလို့ ဧပြီ…