နိုင်ငံတကာ

လက်ဘနွန်နဲ့ ဂါဇာမှာ အစ္စရေးက ရေရှည်အန္တရာယ်ရှိတဲ့ ခဲယမ်းတွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲ

ဂျေရုစလင်၊ အောက်တိုဘာ (၁၄) ဂါဇာနဲ့လက်ဘနွန်ကို စစ်ဆင်ရေးပြုလုပ်ရာမှာ အရပ်သားတွေကို ပြင်းထန်တဲ့ ရေရှည်ထိခိုက်မှု အန္တရာယ်ဖြစ်စေတဲ့ အဖြူရောင်ဖော့စဖရပ် ခဲယမ်းတွေကို အစ္စရေးက အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ စွပ်စွဲခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကို မေးမြန်းရာမှာတော့ ဂါဇာကမ်းမြောင် ဒေသမှာ အဖြူရောင် ဖော့စဖရပ်စ်ပါတဲ့ လက်နက်တွေ အသုံးပြုမှုကို လောလောဆယ် မသိရှိ ကြောင်းသာပြောဆိုခဲ့ပြီး…

မြောက်ကိုရီးယား ဒုက္ခသည်တွေကို တရုတ်အစိုးရ အတင်းအကျပ် နေရပ်ပြန်ပို့နေ

ဆိုးလ်၊ အောက်တိုဘာ (၁၄) မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့ ခိုလှုံသူအများအပြားကို တရုတ်အစိုးရက နေရပ်ပြန်ပို့နေတာကြောင့် တရုတ်အာဏာပိုင်တွေကို ပြင်ပြင်းထန်ထန် ဆန့်ကျင်တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေကို မူရင်းနေရပ်ပြန်ပို့တယ်ဆိုတာဟာ နိုင်ငံတကာက ပိတ်ပင် တားဆီးထားတဲ့အချက်ကို ချိုးဖောက်ဆန့်ကျင့်တာ လည်းဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေအဖြစ် ရှုမြင်ပါတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကူဗြုံးဆပ်ကပြောကြားခဲ့ပါတယ်။…

ဟားမတ်စ်အဖွဲ့ကို ကမ္ဘာမြေပေါ်က ရှင်းထုတ်ပစ်မယ်လို့ အစ္စရေး ပြော

ဂျေရုစလင် ၊ အောက်တိုဘာ (၁၃) ပါလက်စတိုင်း စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကို ကမ္ဘာမြေပေါ်ကနေ ရှင်းထုတ်ပစ်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဖ် ဂါလန့်က ပြောဆိုလိုက်ပါတယ်။ အစ္စလာမ္မစ်ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ ပြီးခဲ့တဲ့စနေနေ့က ဂါဇာကမ်းမြောင်ဒေသ ကနေ အစ္စရေးသို့ အံ့အားသင့်ဖွယ် စီးနင်းတိုက်ခိုက်မှုလုပ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေးသမိုင်းမှာလည်း…

အချမ်းသာဆုံးစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ထရန့်က Forbes မဂ္ဂဇင်းကို တောင်းပန်ခိုင်း

ဝါရှင်တန်၊ အောက်တိုဘာ (၁၃) အချမ်းသာဆုံး အမေရိကန်နိုင်ငံသားများစာရင်းကနေ သုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ချန်လှပ်ခံခဲ့ရပြီးနောက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့ကို ပြန်တောင်းပန်ရ မယ်လို့ Forbes မဂ္ဂဇင်းကို ပြောကြားလိုက်ပါတယ်။ Forbesမဂ္ဂဇင်းအနေနဲ့ သူ့အကြောင်းကို ဖော်ပြရာမှာ မှားယွင်းချက်တွေ အများကြီးပါဝင်နေပြီး အချမ်းသာဆုံး အမေရိကန်နိုင်ငံသားများစာရင်းမှာ မိမိနာမည်ကိုဖော်ပြဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အပြည့်အဝ ပြန်တောင်းပန်ရမယ်လို့ ထရန့်က သူရဲ့လူမှုမီဒီယာမှာ…

AI နည်းပညာကိုထိန်းကျောင်းဖို့ မလေးရှားအစိုးရ စီစဉ်

ကွာလာလမ်ပူ၊ အောက်တိုဘာ(၁၃) ဉာဏ်ရည်တု AI နည်းပညာရဲ့ ခြိမ်းခြောက်မှုတွေကို ထိန်းကျောင်းကာကွယ်ဖို့အတွက် လာမယ့် နှစ်မှာ ကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေနဲ့ မူဝါတွေချမှတ်ဖို့ မလေးရှားအစိုးရက စီစဉ်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ AI နည်းပညာကို ထိန်းကျောင်းဖို့ မလေးရှားနိုင်ငံရဲ့ သိပ္ပံနည်းပညာဝန်ကြီးဌာန၊ မလေးရှားနည်း ပညာတက္ကသိုလ်၊ အစိုးရအေဂျင်စီတွေရဲ့ ကိုယ်စားလှယ်တွေ၊ အဆင့်မြင့်ပညာရေးအဖွဲ့နဲ့ စက်မှု လုပ်ငန်းဆောင်ရွက်သူတွေ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။ နိုင်ငံအတွင်း…

အစ္စရေးရဲ့ ဗုံးကြဲမှုကို ကပ်ဘေးအသစ်လို့ ပါလက်စတိုင်းတွေ ပြော

ဂါဇာ၊ အောက်တိုဘာ (၁၂) အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ပြင်းထန်လွန်းတာကြောင့် ဂါဇာရှိ ပါလက်စတိုင်းသားတွေ က သူတို့ နယ်မြေသိမ်းပိုက်ခံရခဲ့တဲ့ ၁၉၄၈ ခုနှစ်စစ်ပွဲကို ရည်ညွှန်းတဲ့ အာရပ်စကားလုံး “နက်ခ်ဘာ” လို့ခေါ်တဲ့ ကပ်ဘေးအချိန်လို ခံစားနေကြရတယ်လို့ ပြောနေကြပါတယ်။ ပါလက်စတိုင်းတို့နဲ့ ၇၅ နှစ်ကြာ ပဋိပက္ခအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၁၀…

ထိုင်းဝန်ကြီးချုပ်ဟောင်း ပရယွတ်ကို စော်ကားပြောဆိုတယ်ဆိုတဲ့ စွဲချက်နဲ့ အမျိုးသမီးတစ်ဦး ထောင်ဒဏ်(၆)လချမှတ်ခံရ

ဘန်ကောက် – အောက်တိုဘာ(၁၂) ထိုင်းဝန်ကြီးချုပ်ဟောင်း ပရယွတ်ရဲ့ ရချ်ဘူရီခရိုင် ခရီးစဉ်မှာ နှုတ်နဲ့ စော်ကားပြောဆိုခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ခရိုင်တရားရုံးက ထောင်ဒဏ်(၆)လ(၁၀) ရက်နဲ့ ဒဏ်ငွေဘတ်(၁၀၀၀) ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မတ်လက ဝန်ကြီးချုပ်ဟောင်းရဲ့ ခရီးစဉ်ကို အတွင်းစော်ကားပြောဆိုခဲ့ တာဖြစ်တဲ့အတွက် ပန်နာဘန်ပွန်(ကြီးတော် နာဘန်ပွန်) လို့လူသိများတဲ့ အမျိုးသမီးကို တရားရုံး က ဝန်ကြီးချုပ်လုံခြုံရေးစည်း ချိုးဖောက်ဝင်ရောက်မှုနဲ့…

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှု ကုလ အလွန်စိုးရိမ်ပူပန်နေ

ဘန်ကောက်၊ အောက်တိုဘာ (၁၂) ကချင်ပြည်နယ်ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားအများအပြား သေဆုံးပြီး ဒဏ်ရာရရှိမှုသတင်းအပေါ် အလွန်စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ်အနားမှာရှိတဲ့ ကချင်ပြည်နယ်မြောက်ပိုင်း လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း အောက်တိုဘာ ၉ ရက်နေ့မှာ တိုက်ခိုက်ခံရတာကြောင့် ကလေးသူငယ် ၁၃ ဦး အပါအဝင် အရပ်သား ၃၀…

အစ္စရေး တိုက်ခိုက်မှုဆက်လုပ်ရင် သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ ဟားမတ်စ်က ခြိမ်းခြောက်

ဂါဇာ၊ အောက်တိုဘာ (၁၁) အစ္စရေးကမကြုံစဖူး အရန်တပ်သား သုံးသိန်းကိုခေါ်ယူပြီး ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်ဆို့မှု တွေပြုလုပ်ကာ မြေပြင်ချေမှုန်းရေး အစီအစဉ်ပြုလုပ်တော့မှာဖြစ်တာကြောင့် တိုက်ခိုက်မှုဆက် လုပ်နေရင် ဖမ်းထားတဲ့သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ ဟားမတ်စ်အဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။ အစ္စရေးအနေနဲ့ ပါလက်စတိုင်းနေအိမ်ကို သတိပေးချက်မပေးဘဲ ဗုံးကြဲတဲ့အခါတိုင်း ဖမ်းဆီး ထားတဲ့ သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့ဟားမတ်စ်က ပြောဆိုထား တာပါ။ လက်ရှိအချိန်မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့်…

ဆေးခြောက်သုံးစွဲမှုကို တားမြစ်ဖို့ ထိုင်းအစိုးရစီစဉ်

ဘန်ကောက်၊အောက်တိုဘာ(၁၁) ထိုင်းဝန်ကြီးချုပ်သစ် ဆရီထာသာဗီဆင်ဟာ နိုင်ငံတွင်း “မူးယစ်ဆေးဝါးအလွဲသုံးမှု”ပြဿနာကို အဆုံးသတ်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးခြောက်သုံးစွဲမှုကို တားမြစ်ဖို့စီစဉ်မှုတွေ လုပ်ဆောင်နေပါ တယ်။ ဈေးကွက်အတွင်းမှာ ဆေးခြောက်ဝယ်လိုအားများနေတာကို ရပ်တန့်ဖို့နဲ့ ဆေးခြောက်ကို အပန်းဖြေဆေးအဖြစ် အလွဲသုံးနေကြတာကို အဆုံးသတ်နိုင်ဖို့အတွက် ပိုမိုတင်းကျပ်တဲ့ ဥပဒေပြဌာန်းဖို့ ထိုင်းအစိုးရက စီစဉ်နေတာပါ။ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို စိတ်အပန်းဖြေမှုအတွက် တရားဝင်သုံးခွင့်ပြုခဲ့တာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ်သစ်အနေနဲ့ ထိုင်းလူမှုအဖွဲ့အစည်းကို…