နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပြည်ပခရီးသွားလာခွင့် တရုတ် ထပ်မံတင်းကျပ်
ရှန်ဟိုင်း၊ အောက်တိုဘာ (၁၈) တရုတ်အာဏာပိုင်တွေက နိုင်ငံ့ဝန်ထမ်းတွေနဲ့ အစိုးရနဲ့ဆက်စပ်မှုရှိတဲ့လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေသူတွေရဲ့ ပြည်ပခရီးသွားလာခွင့်ကို ပိုမိုတင်းကျပ်နေပြီး နိုင်ငံရပ်ခြားနဲ့အဆက်သွယ် ရှိသူတွေကိုလည်း စိစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်မှုဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့လှုပ်ရှား မှုတစ်ရပ်အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်းလည်း သတင်းရစ်မြစ်တွေက ပြောကြားခဲ့တာပါ။ အဲဒီလိုတားမြစ်ချက်တွေဟာ ၂၀၂၁ ခုနှစ်ကကည်းက စတင်ခဲ့တာဖြစ်ပြီး ပြည်ပခရီးသွားမှုကို ကန့်သတ်တာ၊…