ရုရှားရန်ကာကွယ်ဖို့ အချိန်မကျန်တော့ဘူးလို့ နော်ဝေစစ်ဦးစီးချုပ် သတိပေး
အော်စလို၊ ဇန်နဝါရီ ၂၅ လာမယ့်သုံးနှစ်အတွင်း ရုရှားနိုင်ငံနဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်တိုး မြှင့်ရမယ်လို့ နော်ဝေစစ်တပ်အကြီးအကဲလည်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက် ပါတယ်။ နော်ဝေစစ်ဦးစီးချုပ် ဗိုလ်ချုပ် အီရစ် ခရစ္စတိုဖာဆန်က ရုရှားနိုင်ငံရဲ့ ခန့်မှန်းလို့မရတဲ့ အခြေ အနေတွေကြောင့် ကာကွယ်ရေးအင်အားတည်ဆောက်ဖို့ အချိန်မရှိတော့ဘူးလို့ ဒေသတွင်း သတင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေအရ မိမိတို့ နိုင်ငံရဲ့…