နိုင်ငံတကာ

နိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်သွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်သစ် ပြော

စင်ကာပူ မေ ၁၆ အရင်ခေါင်းဆောင် မျိုးဆက်တွေနဲ့ မတူညီတဲ့ ပုံစံမျိုးနဲ့ နိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်သွားမယ်လို့ စင်ကာပူရဲ့ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ လောရင့်စ် ဝေါင်က ပြောကြားလိုက်ပါတယ်။ မိမိတို့ရဲ့ ဘဝတွေဟာ မိမိတို့နိုင်ငံကို ထုဆစ်ထားတဲ့ တန်ဖိုးထားမှုတွေ အတွက် အစမ်းသပ်ခံတွေဖြစ်ပြီး အကျင့်ပျက်ခြစားမှု မရှိစေရေး လူမျိုးပေါင်းစုံ သင့်တင့်စွာ နေထိုင်ရေး အရည်အချင်းအလိုက်…

အစာငတ်ခံဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ သေဆုံးမှု စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

ဘန်ကောက်၊ မေ ၁၆ ဘုရင့်နန်းတော်ကို စော်ကားမှုစွဲချက် အပါအဝင် စွဲချက်တွေ အများကြီးနဲ့ ရုံးမတင်ခင် ဖမ်းဆီးထားစဉ်အတွင်း အစာငတ်ခံ ဆန္ဒပြပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ် သေဆုံးမှုကို စုံစမ်း စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က မေ ၁၅ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။ အကျဉ်းထောင် ဆေးရုံမှာ နှလုံးထိခိုက်ပြီး သေဆုံးသွားတဲ့ အသက် ၂၈…

အစ္စရေးသို့ ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ လက်နက်တွေ တင်ပို့ဖို့ အမေရိကန် စီစဉ်

ဝါရှင်တန်၊ မေ ၁၅ အိမ်ဖြူတော်က အစ္စရေးဆီကို ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ တင်ပို့လိုကြောင်း လွှတ်တော်ကို အသိပေးထားတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒီအစီအစဉ်မှာ သံချပ်ကာကား၊ ကျည်တွေ၊ မော်တာတွေနဲ့ စစ်သုံးယာဉ်တွေအတွက် ကျည်ဆန်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ အစ္စရေးထံ လက်နက် တင်ပို့မယ့် အစီအစဉ်အတွက်…

တရုတ်ထုတ် အဆင့်မြင့်ဒရုန်းတွေ စစ်ကောင်စီ ဝယ်ယူဖြည့်တင်းထား

နေပြည်တော်၊ မေ ၁၅ စစ်ကောင်စီက သူ့ရဲ့ တပ်တွေကို တရုတ်နိုင်ငံထုတ် အဆင့်မြင့် ဒရုန်းတွေနဲ့ အင်အားဖြည့်တင်းပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်နေတာကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာကြောင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။ RFA Burmese သတင်းဌာနရဲ့ မကြာသေးခင်က စုံစမ်းစစ်ဆေးမှုတွေအရ စစ်ကောင်စီတပ်တွေဟာ ပစ်မှတ်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တဲ့ အထူးကင်မရာတွေ တပ်ဆင်ထားတဲ့…

တရုတ်နဲ့ ကမ္ဘောဒီးယားတို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင်မှု စတင်

ဖနွမ်းပင်၊ မေ ၁၄ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး၊ စစ်ရေးအတွေ့ အကြုံ ဖလှယ်ရေးအတွက် ရည်ရွယ်ကာ တရုတ်နဲ့ ကမ္ဘောဒီးယားတို့ရဲ့ နှစ်စဉ် ရွှေနဂါးစစ်ရေး လေ့ကျင့်မှုကို အခုသီတင်းပတ်မှာ စတင်ပြုလုပ်သွားမယ်လို့ ကမ္ဘောဒီးယား အရာရှိတစ်ဦးက မေ ၁၃ ရက်နေ့မှာ ပြောကြားပါတယ်။ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၃၁၅ ဦးနဲ့ တရုတ် တပ်ဖွဲ့ဝင် ၇၆၀ ဦးတို့ဟာ…

အိန္ဒိယမှာ ကြော်ငြာဆိုင်းဘုတ်ပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

မွမ်ဘိုင်း၊ မေ ၁၄ အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်း တိုက်ခတ်ချိန်အတွင်း ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခု ပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိတွေက မေ ၁၃ ရက်နေ့မှာ ပြောကြားပါတယ်။ မြို့ရဲ့ အရှေ့ဖက်က ဓာတ်ဆီဆိုင်တစ်ခုမှာ အဲဒီကြော်ငြာဆိုင်းဘုတ်ကြီး ပြိုကျသွားပြီးနောက် အောက်မှာ ဒါဇင်နဲ့ချီတဲ့လူတွေ…

နျူကလီးယားဗုံးတွေ ပိုင်ဆိုင်ထားပြီလို့ အီရန် လွှတ်တော်အမတ် ကြေညာ

တီဟီရန်၊ မေ ၁၃ အီရန်နိုင်ငံမှာ နျူကလီးယားဗုံးတွေ ထုတ်လုပ်ဖို့ လုံလောက်တဲ့ ယူရေနီယမ်တွေ ပိုင်ဆိုင်ထားပြီလို့ နိုင်ငံတကာ အဏုမြူအေဂျင်စီက သတိပေးခဲ့ပြီးနောက် လွှတ်တော်အမတ် တစ်ယောက်က အီရန်မှာ နျူကလီးယား လက်နက်တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ မေ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မိမိရဲ့ အမြင်မှာ မိမိတို့ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် မကြေညာသေးတာ…

မြန်မာဒုက္ခသည် ၅၈၀၀ ကျော်ကို မကြာခင် နေရပ်ပြန်ပို့မယ်လို့ မဏိပူရဝန်ကြီးချုပ် ပြော

အင်ဖာ၊ မေ ၁၃ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သို့ တရားမဝင် ဝင်ရောက်လာပြီး ခမ်ဂျွန်ဒေသမှာ ခိုလှုံနေသူ ၅၈၀၀ ကျော်ကို မကြာခင် ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ မဏိပူရဝန်ကြီးချုပ် အမ်ဘီရန်ဆင်းချ်က ပြောကြားပါတယ်။ မေ ၁၂ ရက်က အင်ဖယ်ဒေသမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဆင်းချ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဏိပူရသို့…

အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ နယူးဒေလီ ဝန်ကြီးချုပ် အာမခံနဲ့ ပြန်လွှတ်

နယူးဒေလီ၊ မေ ၁၁ အကျင့်ပျက်ခြစားမှုနဲ့ တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ နယူးဒေလီ ဝန်ကြီးချုပ် အာဗင် ကာဂျရီဝဲလ်ကို အိန္ဒိယ တရားရုံးချုပ်ကနေ အာမခံနဲ့ လွတ်မြောက်ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဇွန် ၁ ရက်နေ့အထိ အာဏာပိုင်တွေဆီမှာ ထပ်ပြီးအဖမ်းခံမယ်ဆိုရင် အာမခံ ခွင့်ပြုပေးလို့ရတယ်လို့ အိန္ဒိယ တရားရုံးချုပ်က ပြောကြား ပါတယ်။ အရင်က အကျင့်ပျက်ခြစားမှု…

ဆရာဝန်တွေ သပိတ်မှောက်မှုကြောင့် နိုင်ငံခြားဆရာဝန်တွေ ငှားရမ်းဖို့ ကိုရီးယားအစိုးရ စီစဉ်

ဆိုးလ်၊ မေ ၁၁ တောင်ကိုရီးယားက အငယ်တန်းဆရာဝန်တွေရဲ့ သပိတ်မှောက်မှုဟာ လနဲ့ချီ ကြာမြင့်နေပြီး ပြေလည်မှု မရသေးတဲ့အတွက် နိုင်ငံခြားသားဆရာဝန်တွေကို ခေါ်ယူခန့်ထားရေး စီစဉ်ထားကြောင်း ဝန်ကြီးချုပ် ဟန်ဒက်ဆူးက မေ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဆရာဝန်တွေ ပိုမိုဖြည့်တင်းနိုင်ရေး အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အငယ်တန်း ဆရာဝန်ထောင်ပေါင်းများစွာက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး သပိတ်မှောက်ခဲ့တာကြောင့်…