သမ္မတရဲ့စားအုန်းဆီပြည်ပတင်ပို့တာရပ်ဆိုင်းကြောင်းကြေငြာမှုကိုအင်ဒိုလယ်သမားတွေထောက်ခံ
ဂျာကာတာ- ဧပြီ(၂၆) အင်ဒိုနီးရှားနိုင်ငံပြည်တွင်းစျေးကွက်အတွင်းစားသုံးဆီထုတ်လုပ်မှုဆိုင်ရာ ထောက်ပံ့မှုနဲ့ တက်နိုင်စွမ်းတို့ကို သေချာစေဖို့အတွက် ပြည်ပနိုင်ငံတွေကို ဆီအုန်းတင်ပို့မှုတွေကို ယာယီရပ်ဆိုင်းမယ့်အစီအစဉ်တစ်ရပ်ချမှတ် ခဲ့တာကို အင်ဒိုနီးရှား ဆီအုန်းထုတ်လုပ်သူများအသင်းက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးဆီအုန်းထုတ်လုပ် တင်ပို့သူတွေဟာ ပြည်တွင်းစျေးကွက်ကျဆင်းအောင် လုပ်ဆောင်နိုင်ဖို့ လာမယ့် ဧပြီလ(၂၈) ရက်နေ့ကစပြီး စားသုံးဆီနဲ့ ကုန်ကြမ်းပစ္စည်းတွေပြည်ပတင်ပို့မှုတွေကို ရပ်ဆိုင်းထား မှာဖြစ်တယ်လို့ သမ္မတဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့သောကြာနေ့က ထုတ်ပြန်ထားပါတယ်။ အင်ဒိုတောင်သူလယ်သမားသမဂ္ဂကတော့ အစိုးရရဲ့…