မှုခင်း

ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ထိုင်းရဲအရာရှိတစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေ အစိုးရသိမ်းဆည်း

ဘန်ကောက်၊ အောက်တိုဘာ (၁၃) ထိုင်းနိုင်ငံမှာ ခရိုင်ဒေသန္တရအဆင့် ရဲအရေးပိုင် နယ်မြေ ၈ရဲ့ လက်ထောက်ကော်မရှင်နာဖြစ်သူ ရဲအရာရှိ ဆွမ်ချိုင် နီတာရာ ဘိုဝန်ကောလ် ဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာခဲ့တာကြောင့် သူ့ရဲ့ဘတ်၁၃၆မီလီယမ် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းလိုက်တယ်လို့ အမျိုးသား အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က တာဝန်ရှိသူက ပြောပါတယ်။…

ဟေတီမှာ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေ ကြားဝင်ဖြေရှင်းဖို့ ကုလ အကြီးအကဲ တိုက်တွန်း

ဟေတီ၊ အောက်တိုဘာ (၁၁) ဟေတီနိုင်ငံအတွင်းမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံတစ်နိုင်ငံ ဒါမှ မဟုတ် နိုင်ငံ အများအပြားက အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပြု လိုက်ပါတယ်။ ကုလသမဂ္ဂက တပ်ဖြန့်ဖို့ အကြံပြုတာမျိုး မဟုတ်ပေမယ့်လည်း လုံခြုံရေးကောင်စီက ခွင့်ပြုနိုင်တဲ့ အတိုင်းအတာတစ်ခုနဲ့ တပ်ဖွဲ့တစ်ခု လုပ်…

အကြီးစား ပစ်ခတ်မှုဖြစ်ပွားထားတဲ့ ကျောင်းဝန်းထဲ ဝင်ရောက်ခဲတဲ့ CNN သတင်းထောက် နှစ်ဦးဖမ်းဆီးခံရ

ဘန်ကောက်၊ အောက်တိုဘာ (၁၁) အကြီးစားပစ်ခတ်မှု ဖြစ်ပွားထားတဲ့ နောက်ဘူလမ်ဖူ ကလေးဖွံ့ဖြိုးရေး စင်တာထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ CNN မီဒီယာအဖွဲ့သားနှစ်ဦးဟာ အူဒုန်သနီ မှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နေ့ကလေးထိန်းကျောင်းအတွင်း ဝင်ရောက် သတင်းရယူတင်ဆက်ခဲ့တဲ့ သြစတြေးလျနိုင်ငံသား သတင်းထောက် အန်နာကိုရန် (၄၇)နှစ်နဲ့ အသက် ၃၄နှစ်အရွယ် ဗြိတိန်ကင်မရာမန်း ဒယ်နီရယ်ဟော့ချ်တို့ကို နာကလန်…

ကျောင်းတွေ ဘေးကင်းစေဖို့ ဆရာ ဆရာမတွေ လက်နက်ကိုင်ဆောင် သင့်တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး ပြော

ဘန်ကောက်၊ အောက်တိုဘာ (၉) ထိုင်းနိုင်ငံက မူကြိုကျောင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအပေါ် “ကျောင်းတွေကို လုံခြုံအောင် လုပ်ဖို့ ဆရာ၊ ဆရာမတွေကိုပါ လက်နက်ဆင်ထားပေးဖို့လိုလာပြီ”လို့ ဆက်စပ်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောဆိုခြင်းဟာ သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်မျှဝေခြင်းသာဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မ ကောင်းကြောင်းလည်း ပြောဆိုခဲ့တာပါ။ အခင်းဖြစ်ပွားတဲ့နေရာကို ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရား၊ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့က…

ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့

နယူးဒေလီ၊ အောက်တိုဘာ (၉) သတင်းအချက်အလက်နည်းပညာ ကဏ္ဍမှာ လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လို့ဆိုပြီး မြန်မာ၊လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ အ တင်းအကြပ်ခိုင်းစေခံထားရတဲ့ အိန္ဒိယနိုင်ငံသား (၁၃၀)ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ အဲဒီလုပ်သားတွေဟာ ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းတွေ၊ Crypto ငွေကြေးအတုတွေ ဖန်တီးတဲ့ ကုမ္ပဏီတွေမှာ ဆိုက်ဘာ လိမ်လည်မှုတွေပြုလုပ်ဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရတာ…

သီရိလင်္ကာ သမ္မ‌တဟောင်းကို တရားစွဲဖို့ လျှောက်ထားချက် ရုံးတော်မှ ခွင့်ပြုခဲ့

ကိုလံဘို – အောက်တိုဘာ(၈) သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်းတရားရုံးက သမ္မတဟောင်း ဂိုတာဘာရာရာဂျာပက်ဆာကို တရားစွဲဖို့ ခွင့်ပြုလိုက်ပြီလို့ အဲဒီအမှုကို စွဲဆိုထားတဲ့ လူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ (၇) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း နှစ်ဦးကိုလည်း တရားစွဲဆိုဖို့ တရားရုံးက သဘောတူညီခဲ့တာပါ။ အဲဒီအမှုကို Transparency International…

ပစ်ခတ်ခံရလို့ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းဘုရင်နဲ့ ဝန်ကြီးချုပ်တွေ့ဆုံမယ်

ဘန်ကောက် – အောက်တိုဘာ(၈) ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ဦးက နေ့ကလေးထိန်း ကျောင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းဘုရင်နဲ့ ဝန်ကြီးချုပ်ဖြစ်သူတို့သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံသမိုင်းမှာ လူသတ်သမားတစ်ဦးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဆိုးရွားဆုံးနဲ့ ကလေးသူငယ်သေဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာပါ။ နေ့ထိန်းဂေဟာက ကလေးတွေဟာ အသက်(၂) နှစ်ကနေ (၅) နှစ်အထိဖြစ်တယ်လို့သိရပြီး သတ်ဖြတ်ခံရတဲ့အခြေအနေဟာ…

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရိုကူဘိုတာကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်

တိုကျို ၊ အောက်တိုဘာ (၇) ပုန်ကန်မှုနဲ့ ဆက်သွယ်ရေး ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ အလိုကျ တရားရုံးက ဂျပန်မှတ် တမ်းရုပ်ရှင် ရိုက်ကူးသူကို ထောင်ဒဏ်၁၀နှစ် ချမှတ်ခဲ့တယ်လို့ ဂျပန်ကျိုတို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စစ်တပ် ဆန့်ကျင်သူတွေကို အားပေးအားမြှောက်ပြုတယ်ဆိုပြီး အသက် ၂၆ နှစ်အရွယ်ရှိတဲ့ တိုရို ကူဘိုတာကို ရန်ကုန်မြို့မှာ…

အင်ဒိုမှာ ဘောလုံးပွဲအတွင်းလူအုပ်ဖြစ်စေခဲ့တဲ့ အကြောင်းကို စတင်စုံစမ်းနေပြီး ရဲတွေကိုလည်း စစ်ဆေးနေ

အင်ဒိုမှာ ဘောလုံးပွဲအတွင်းလူအုပ်ဖြစ်စေခဲ့တဲ့ အကြောင်းကို စတင်စုံစမ်းနေပြီး ရဲတွေကိုလည်း စစ်ဆေးနေ ဂျာကာတာ – အောက်တိုဘာ(၅) ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ ဘောလုံးပွဲတစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ လူအုပ်ပိမှုကြောင့် လူပေါင်း ၁၂၅ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ဟာ အားကစားကွင်းအတွင်း ကမ္ဘာ့အသေအပျောက် အများဆုံး ဖြစ်စဉ်တွေအနက် တစ်ခုဖြစ်ခဲ့တာ ကြောင့် ပါဝင်ပတ်သက်ခဲ့တဲ့ အင်ဒိုနီးရှားရဲ အရှာရှိတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။…

ဟိုင်ဂျပ် ဝတ်ရမယ်ဆိုတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် နိုင်ငံမတည်ငြိမ်ဖြစ်လာနိုင်တယ်လို့ အီရန်အရှာရှိတွေ သတိပေး

တီဟီရန်၊ အောက်တိုဘာ (၄) ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေဟာ နိုင်ငံကို မတည်ငြိမ် ဖြစ်လာစေတယ်လို့ အီရန်ပါလီမန်လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီး အန္တရာယ်ဖြစ်စေတဲ့သူတွေကို ပြင်းထန်စွာ ကိုင်တွယ်ဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။ တီဟီရန် မြို့တော်မှာ အသက်(၂၂) နှစ်အရွယ် အမျိုးသမီးကို ကျင့်ဝတ်စောင့်ကြည့်ရေးရဲ တပ်ဖွဲ့က ဘာသာရေးနဲ့ မကိုက်ညီ တဲ့ ဝတ်စားဆင်ယင်ပုံကို…