မာတီ မီဒီယာ

ဘဏ်ဝန်ဆောင်မှုတွေ ရပ်နားထားလို့ ပြည်တွင်း ပဲစျေးကွက် အထိနာ

မော်လမြိုင် ၊ မတ် (၆) စစ်တပ် အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်နားထားလို့ ပြည်တွင်း ပဲစျေးကွက်အပေါ် ထိခိုက်မှု အတော်လေး ပြင်းထန်ခဲ့ပါတယ်။ လုပ်ငန်းရှင်တွေဟာ ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူလို့ မရတာကြောင့် လုပ်ငန်းအပေါ် ရင်းနှီးငွေတွေ မထည့်နိုင် ဖြစ်နေတာပါ။ ဒါ့အပြင် အရောင်းအဝယ် ပြုလုပ်ရာမှာ ငွေလွှဲငွေချေပေးဖို့ ဘဏ်ဝန်ဆောင်မှုတွေ မရှိသလို…

ကုန်စည်စီးဆင်းမှု ရပ်တန့်လို့ စားသုံးဆီစျေး မြင့်တက်

မော်လမြိုင် ၊ မတ် (၆) တပ်က အာဏာသိမ်းပြီးနောက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ခဲ့လို့ ပြည်တွင်းစျေးကွက်မှာ စားသုံဆီစျေးဟာ ဆက်တိုက် မြင့်တက်လာပါတယ်။ အာဏာသိမ်း စစ်ကောင်စီအပေါ် ဆန္ဒဖော်ထုတ်မှုတွေနဲ့ တန်းပြန် အကြမ်းဖက် ဖြိုခွင်းခံရမှုတွေဟာ မြန်မာနိုင်ငံအတွင်းက ဒေသအနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ အခုလို အခြေအနေတွေကြောင့် ပြည်ပကုန်စည်တွေ ဝင်ရောက်မှုကလည်း ရပ်တန့်ခဲ့ပြီး ပြည်တွင်းက ကုန်သည်ကြီးတွေကလည်း ပစ္စည်းတွေ ထုတ်မရောင်းဘဲ…

အာဏာသိမ်းပြီး တစ်လအကြာ ပြည်ပတင်ပို့တဲ့ငါးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ရပ်နား

မော်လမြိုင် ၊ မတ် (၅) တပ်က အာဏာသိမ်းပြီး တစ်လအကြာမှာတော့ မွန်ပြည်နယ်ရဲ့ ပြည်ပတင်ပို့တဲ့ ငါးလုပ်ငန်းတွေ ရာနှုန်းပြည့်နီးပါး ရပ်နားလိုက်ရပြီးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်က ထွက်တဲ့ ငါးတွေကို တရုတ် ၊ မလေးရှား အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတာပါ။ အခုအခါမှာတော့ ကမ်းဝေးထွက်တဲ့ ငါးလုပ်ငန်းတွေ ရပ်နားထားလို့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ရေငန်…

ရှားပါးသော အရင်းအမြစ်ဖြင့် ကြိုးစားပြီး တင်ဆက်နေသည်

(အယ်ဒီတာ့အာဘော်) စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးချိန်မှစပြီး သတင်းဌာနနှင့် သတင်းထောက်များအတွက် ကြီးစွာသော စိန်ခေါ်မှုရှိလာမည်ဟူသော အသိက တွဲကပ်ပါလာခဲ့သည်။ အထူးသဖြင့် လွတ်လပ်သော ပုဂ္ဂလိက သတင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရယူ၊ ဖော်ထုတ်၊ တင်ဆင်နိုင်မှုမှာ အများပြည်သူတို့၏ လွတ်လပ်ခွင့်နှင့် သတင်းသိပိုင်ခွင့်ကို ကိုယ်စားပြုသည်ဖြစ်ရာ မည်သို့သော စိန်ခေါ်မှုများရှိ သည်ဖြစ်စေ လွှမ်းခြုံနိုင်သော သတင်းတင်ဆက်မှုကို ပြုလုပ်ရန် သံလွင်တိုင်းမ်ဝိုင်းတော်သားများမှ ဆုံးဖြတ်ခဲ့ကြသည်။ နည်းပါးလှသော…

ဆန်စျေးတွေ ဆက်တိုက်မြင့်တက်လာ

မော်လမြိုင် ၊ မတ် (၄) တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒဖော်ထုတ်မှုတွေနဲ့ အကြမ်းဖက် ဖြိုခွင်းတာတွေ ရှိလာတာနဲ့အတူ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးကလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။ မွန်ပြည်နယ်အတွင်းက ဆန်စျေးဟာ အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက်မှာ သိသိသာသာ စျေးနှုန်းကွာခြားလာခဲ့တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ လက်ရှိမှာတော့ ဆန်အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်ကို အနည်းဆုံး ကျပ် (၃၀၀၀)အထိ စျေးနှုန်း မြင့်တက်လာနေပါတယ်။…

မြို့နယ်အားလုံးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့မည်

မော်လမြိုင် ၊ မတ် (၃) မွန်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်နေကြပါတယ်။ လက်ရှိမှာတော့ သထုံ ၊ ကျိုက်မရော နဲ့ ပေါင်မြို့နယ်တို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဆိုပါ အုပ်ချုပ်ရေးအဖွဲ့တွေမှာတော့ NLD ပါတီ အနိုင်ရ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ရပ်မိရပ်ဖတွေ ၊ ဥပဒေ ပညာရှင်တွေ နဲ့…

အရောင်းအဝယ် အေးနေလို့ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်း

မော်လမြိုင် ၊ မတ် (၃) ဘဏ်တွေ ပိတ်ထားတဲ့အတွက် ငွေကြေးစီဆင်းမှု ရပ်တန့်ပြီး အရောင်းအဝယ်အေးနေလို့ မတ်ပဲစျေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေပါတယ်။ အရင်နှစ်တွေနဲ့ ကာလတူ နှိုင်းယှဉ်ရင် မတ်ပဲ အချိန် (၆၀) ကို ကျပ်ငွေ ကိုးသောင်းကျော် ရရှိရမှ အခုဆိုရင် ကျပ်ငွေ ရှစ်သောင်းကျော်သာ ရရှိတော့တာပါ။ အခုလို ဘဏ်တွေ ဆက်ပိတ်ထားမယ်ဆိုရင် မတ်ပဲစျေးဟာ…

မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ရဲနဲ့တပ်က ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

မော်လမြိုင် ၊ မတ် (၂) မွန်ပြည်နယ်အတွင်း မော်လမြိုင် မုဒုံ သံဖြူဇရပ် အစရှိတဲ့ မြို့အဝင်အထွက်နေရာတွေမှာ ရဲနဲ့တပ်က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စစ်ဆေးခံခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲနဲ့တပ်တို့ ပူးပေါင်းပြီးတော့ မြို့ဝင်မြို့ထွက် ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေ ကားတွေကို ရပ်တန့် စစ်ဆေးတဲ့အပြင် ဖုန်းနဲ့ အိတ်တွေကိုပါ ရှာဖွေစစ်ဆေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ခရီးသွား ပြည်သူတွေက…

ကျိုက်မရော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ကျိုက်မရော ၊ မတ် (၂) NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ဝင် (၂၂) ဦးပါဝင်တဲ့ ကျိုက်မရော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ရပ်မိရပ်ဖတွေ ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားသမဂ္ဂ…

ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီးနောက် အဆက်အသွယ်မရလို့ ဒေါ်မာမာခိုင် မိသားစုဝင်တွေ စိုးရိမ်

မော်လမြိုင် ၊ မတ် (၂) သထုံမြို့က NLD ပါတီ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ သူရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက် တစ်ပတ်ကျော် ကြာတဲ့အထိ အဆက်အသွယ်မရလို့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေပိုင်းမှာ ဒေါ်မာမာခိုင်နဲ့ သူ့ရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး…