၂၀၂၀ ရွေးကောက်ပွဲ

UEC ကို မကျေနပ်လို့ USDP ပါတီဝန်းရံသူတွေ မွန်ပြည်နယ် (၁၀)မြို့နယ်မှာ ဆန္ဒဖော်ထုတ်မည်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် မွန်ပြည်နယ် မြို့နယ်အားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူတွေက ဆန္ဒဖော်ထုတ်မယ်လို့ USDP ပါတီ မွန်ပြည်နယ် အတွင်းရေးမှူးက ပြောပါတယ်။ ဆန္ဒဖော်ထုတ်ပွဲတွေကို ဒီဇင်ဘာလအတွင်းမှာ ဆက်တိုက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဝန်းရံသူတွေက…

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မဲဆွယ်အသုံးစရိတ် (၇၆)သိန်းကျော် သုံးစွဲခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ရွေးကောက်ပွဲအသုံးစရိတ် (၇၆) သိန်းကျော် သုံးစွဲခဲ့တယ်လို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ဒီဇင်ဘာလ (၂)ရက်နေ့မှာ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မဲဆွယ်ကုန်ကျစရိတ်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ တင်ပြခဲ့တဲ့စာရင်းတွေအရတော့ ခရီးသွားလာစရိတ်တွေနဲ့ မဲရုံကိုယ်စားလှယ်အသုံးစရိတ်တွေ ၊ ကိုယ်စားလှယ်ပုံပါ အောင်နိုင်ရေး အကျီတွေနဲ့…

မွန်မှာ မဲဆွယ်ကုန်ကျစရိတ် မတင်တဲ့ ကိုယ်စားလှယ်လောင်း (၆)ဦး ရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄) မွန်ပြည်နယ်အတွင်းမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆) ဦး ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်းမှာ ကိုယ်စားလှယ်လောင်း (၂၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အာ့ဒီအထဲက သထုံခရိုင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၄)ဦးနဲ့ မော်လမြိုင်ခရိုင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း…

ဒုတိယအကြိမ် မွန်လွှတ်တော် နောက်ဆုံးအစည်အဝေးကို ဇန်နဝါရီ တတိယအပတ်တွင် ကျင်းပမည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌက ပြောပါတယ်။ နောက်ဆုံးအကြိမ် အစည်းအဝေးမှာ မေးခွန်းမေးမြန်းတာတွေ အဆိုတင်သွင်းတာတွေအပြင် ဥပဒေကြမ်းတွေလည်း တင်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ “လွှတ်တော်ခေါ်တာက အတိအကျတော့ မပြောနိုင်သေးဘူး ဇန်နဝါရီ တတိယအပတ်လောက်တော့ လျာထားချက်ရှိတယ် ဇန်နဝါရီ…

COVID-19 ကူးစက်မှုကို ထိန်းချုပ်ဖို့ ဒရုန်းများကိုအသုံးပြု ၍ နယ်စပ်ကို ထိုင်းအစိုးရ စောင့်ကြည့်

မော်လမြိုင် ၊ ဒီဇင်ဘာ (၉) အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ မြို့နယ်တစ်ခုနှင့်ဆက်စပ်ပြီး အသစ်တဖန် စတင်လာခဲ့တဲ့ COVID-19 ကူးစက် မှုများကို ဒါဇင်နဲ့ချီတွေ့ရှိလာခဲ့ရပြီးနောက် ထိုင်းအစိုးရအနေဖြင့် နယ်ခြားမျဥ်းစောင့်ကြည်ရေးများတွင် မောင်းသူမဲ့ဒရုန်းများနှင့် ခရမ်းလွန်ရောင်ခြည်သုံးရှာဖွေရေးကင်မရာများကို အသုံးပြု၍ ကြပ်မတ်ဆောင် ရွက်နေတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ နှောင်းပိုင်းမှာ အနည်းဆုံး လူ ၁၆ ဦးခန့် က နယ်စပ်မျဥ်းကို တရားမဝင်ဖြတ်ကျော်ပြီး…

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း(၂၁၉) ဦးသာရှိသေး

မော်လမြိုင် ၊ ဒီဇင်ဘာ (၉) ဒီဇင်ဘာ ၈ ရက်နေ့အထိစာရင်းတွေအရ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း (၂၁၉ ) ဦးသာ ရှိပါသေးတယ်။ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ အမည်ကို ကြေညာတဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့…

ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်ရတဲ့ ကိုယ်စားလှယ်လောင်း (၁၀၉) ဦးသာရှိ

ဒီဇင်ဘာ ၃၊ ၂၀၂၀ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း (၂၅၇) ဦးထဲမှာ (၁၀၉) ဦးသာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ပြန်လည် ထုတ်ယူခွင့် ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အမည်စာရင်းတင်သွင်းလွှာနဲ့အတူ ကော်မရှင်ကို ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်း ပေးသွင်းထားရပါတယ်။ ဒီအာမခံငွေ (၃)သိန်းကိုတော့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ…

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို သံသယရှိလို့ မွန်ညီညွတ်ရေးပါတီ စိစစ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တစ်ချို့အပေါ် သံသယရှိတဲ့အတွက် ပြန်လည်စိစစ်နေတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း တို့မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ (၁၂) နေရာ အနိုင်ရရှိခဲ့ပါတယ်။…

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို မွန်ပြည်နယ်မှာ ကန့်ကွက်သူ မရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို နိုဝင်ဘာလကုန်ပိုင်းထိ မွန်ပြည်နယ်မှာ ကန့်ကွက်သူမရှိဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ရွေးကောက်တင်မြောက်ခံရတဲ့ ကိုယ်စားလှယ် ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်တဲ့ ကန်ကွက်စာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာတဲ့နေ့မှစပြီး ၄၅ ရက်အတွင်း ကော်မရှင်ကို တင်သွင်းနိုင်တယ်လို့ ရွေးကောက်ပွဲနည်းဥပဒေမှာ ဖော်ပြထားပါတယ်။…

အနိုင်ရ NLDပါတီ ကိုယ်စားလှယ်(၃)ဦးကို ပြိုင်ဘက်ပါတီတွေက အမှုဖွင့်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအလွန်မှာ အနိုင်ရ NLD ပါတီကိုယ်စားလှယ် (၃)ဦးကို ပြိုင်ဘက်ပါတီတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ အမှုဖွင့်ထားပါတယ်။ ကျိုက်မရော ၊ ပေါင် နဲ့ မော်လမြိုင်မြို့နယ်ကအနိုင်ရ NLD ကိုယ်စားလှယ် (၃) ဦးက ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို မလိုက်နာလို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ မွန်ညီညွတ်ရေးပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက အမှုဖွင့်လှစ်ခဲ့တာပါ။…