၂၀၂၀ ရွေးကောက်ပွဲ

မွန်ပြည်နယ် ငါးဖမ်းပိုက်ချက် လေလံရောင်းချမှုကနေ အခွန် ကျပ်သိန်း ၆၃၀၀ ကျော် ရရှိ

သြဂုတ် ၂၇၊ ၂၀၂၀ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ သံလွင်မြစ်၊ အတ္ထရံမြစ်နဲ့ ဂျိုင်းမြစ်တို့မှာ ဖမ်းနေတဲ့ ငါးဖမ်းပိုက်ချက်တွေကို လေလံတင်ရောင်းချခဲ့ရာ အခွန်ငွေ ကျပ်သိန်း ၆၃၀၀ ကျော်ရရှိတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်နယ်အတွင်းက ငါးဖမ်းပိုက်ချက် ၁၁၃ ချက်ကို သြဂုတ်လ ၁၁ ရက်နေ့က လေလံစတင်ရောင်းချခဲ့ပြီး ၅…

မွန်ပြည်နယ်မှာ တပ်နှင့်ရဲတပ်ဖွဲ့ပူးပေါင်း လုံခြုံရေးယူရမယ့် မဲရုံ(၈၆)ရုံရှိ

မော်လမြိုင် ၊ ဩဂုတ် (၂၄) ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း လျာထားမဲရုံ ၉၅၀ ရုံကျော်ရှိပြီးတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်း လုံခြုံရေးယူရမယ့် မဲရုံ ၈၆ ရုံ ပါဝင်တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ပုံမှန်အားဖြင့် မဲရုံတွေကို ရဲတပ်ဖွဲ့က အဓိကလုံခြုံရေးဆောင်ရွက်ရမှာဖြစ်ပေမယ့် အညိုရောင်နယ်မြေနဲ့ ဆက်စပ်တဲ့နေရာတွေ၊တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့နေရာတွေ၊လုံခြုံရေးစိတ်မချရတဲ့နေရာတွေက မဲရုံတွေကိုတော့ တပ်မတော်နဲ့…

မဲစာရင်းမှာ မဲဆန္ဒရှင်များ မကျန်ခဲ့စေဖို့ အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေး

ရေး ၊ ဩဂုတ် (၂၂) မဲစာရင်းမှာ မဲဆန္ဒရှင်တွေ မကျန်ခဲ့စေဖို့အတွက် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ဩဂုတ်လ ၁၇ ရက်နေ့ကစလို့ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်နဲ့ ကွင်းဆင်းစစ်ဆေးနေကြပါတယ်။ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကနေ ခုလ ၁၄ ရက်နေ့အထိ ၂၁ ရက်ကြာ မဲဆန္ဒရှင်စာရင်းတွေကပ်ထားခဲ့ပေမယ့် ရေးမြို့နယ်မှာ လာရောက်ကြည်ရှုသူနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။…

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေက ဒေသခံတွေကို ရွေးကောက်ပွဲအသိပညာပေးမှုလိုအပ်

ရေး ၊ ဩဂုတ် (၂၁) ရေးမြို့နယ်အရှေ့ပိုင်း မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ ပြည်သူတွေကို ရွေးကောက်ပွဲ အသိပညာပေးမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။ မွန်ပြည်သစ်ထိန်းချုပ်ဒေသဝန်းကျင် ကျောင်းရွာကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၂၀ ရွာက လူဦးရေတစ်သောင်းကျော် မဲထည့်ဖိုအတွက် မဲရုံ ၆ ရုံဖွင့်လှစ်ပေးသွားဖို့ရှိနေပြီး ဒေသခံတွေအတွက်မဲထည့်ဖို့အတွက် အသိပညာပေးမှုတွေလုပ်ဖို့လိုအပ်နေကြောင်း ဒေသခံအဖွဲ့အစည်းတွေက ဆိုပါတယ်။ ” အရင်ရွေးကောက်ပွဲတုန်းက လူထက်ဝက်ကျော်လောက်ပဲ…

ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ အထူးရဲ (၁၀၀၀)ကျော် ခန့်မည်

မော်လမြိုင် ၊ ဩဂုတ် (၂၀) နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ဖို့ မွန်ပြည်နယ်မှာ အထူးရဲ (၁၀၀၀) ကျော် ခန့်အပ်သွားမယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ လျာထားမဲရုံ (၉၅၄) ရုံရှိပြီး အဲဒီမဲရုံတွေမှာ လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ဖို့ အထူးရဲတပ်ဖွဲ့ဝင်တွေကို ခန့်အပ်မှာ…

မွန်မှာယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၃၀၃)ဦးမှာ အမျိုးသမီး(၆၇)ဦးပါ

မော်လမြိုင် ၊ ဩဂုတ် (၁၉) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၃၀၃) ဦးမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း (၆၇) ဦး ပါဝင်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၇) ခုက ကိုယ်စားလှယ်လောင်း (၂၉၁) ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၂)ဦး စုစုပေါင်း…

မွန်ပြည်နယ် မဲစာရင်းမှာ အမည်မပါလို့ ပြန်လျှောက်ထားသူ (၂၁၀၀၀) ကျော်ရှိ

မော်လမြိုင် ၊ ဩဂုတ် ၁၆ မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကပ်ထားကြေညာတဲ့မဲစာရင်းမှာ အမည်မပါလို့ ပြန်လျှောက်ထားသူ (၂၁၀၀၀) ကျော်ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ မဲစာရင်းစတင်ကြေညာတဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ မဲစာရင်းလာကြည့်သူ နှစ်သိန်းခွဲကျော် ရှိပြီး မဲစာရင်းထဲအမည်မပါလို့ ပုံစံ(၃) နဲ့ ပြန်လျှောက်ထားသူက (၂)သောင်းကျော်…

ပြည်သူ့ပါတီမှ သထုံနှင့်ကျိုက်မရော မြို့နယ်တို့တွင်(၄)နေရာ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၁၂) ပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ကျိုက်မရောနဲ့ သထုံမြို့နယ်တွေမှာ ယှဉ်ပြိုင်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။ ပြည်သူ့ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြို့နယ် ၇၀ ကျော်မှာ ကိုယ်စားလှယ်ဦးရေ ၁၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ သထုံမြို့နယ်မှာ ပြည်နယ်လွှတ်တော် (၁) နဲ့ (၂)…

UDP ပါတီ မွန်ပြည်နယ်က မဲဆန္ဒနယ် အားလုံး ယှဉ်ပြိုင်မည်

မော်လမြိုင်၊သြဂုတ်(၁၁ ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းက မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ပြည်နယ်တာဝန်ခံဖြစ်သူ ဒေါ်ရီရီချိုက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာတော့ အလွှာပေါင်းစုံက ပညာရှင်တွေ၊ စီးပွားရေးတတ်သိ နားလည်သူတွေကို ရွေးချယ်ထားပြီး မွန်ပြည်နယ်မှာယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၈၀ ရာခိုင်နှုန်းက လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်မတို့ပါတီက တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေရော၊ကျန်တဲ့ လွှတ်တော် ၃ ရပ်ရော၊မွန်ပြည်နယ်က…

မွန်ပြည်နယ်မဲစာရင်းမှာ လူဦးရေ (၆)သောင်းနီးပါး ဖယ်ရှားရန်လိုအပ်ဟု လဝက ဝန်ကြီး ဆို

မော်လမြိုင် ၊ ဩဂုတ် (၁၀) မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်းမှာ လူဦးရေ (၆)သောင်းနီးပါးကို ဖယ်ရှားရန် လိုအပ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ဆိုပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော် ရှိပါတယ်။ အာ့ဒီအထဲက မှတ်ပုံတင်ကွက်လပ်ဖြစ်နေသူ (၃) သိန်းကျော်ကို လဝကမှ…