ဆောင်းပါး

ယူကရိန်းအရေး သူရဲဘောကြောင်သူတွေ မဖြစ်ကြဖို့ မဟာမိတ်တွေကို ပြင်သစ်သမ္မတ တိုက်တွန်း

ပရပ်ဂ် ၊ မတ် ၇ ရုရှားကျူးကျော် တိုက်ခိုက်မှုအား တိုက်ထုတ်ရေး ယူကရိန်းကို ကူညီရာမှာ သူရဲဘော ကြောင်သူတွေ မဖြစ်ကြဖို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ကရွန်က မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ အနောက်တိုင်းတပ်ဖွဲ့တွေ ယူကရိန်ကို စေလွှတ်ရေးပယ်ချမထားဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က အငြင်းပွားဖွယ်ရာ ပြောဆိုမှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အခိုင်အမာ ရပ်တည်တယ်လို့လည်း မက်ကရွန်က…

အမေရိကန်အရာရှိတွေကို အီရန်ထောက်လှမ်းရေး သတ်ဖို့ကြံစည်နေတယ်လို့ FBI သတိပေး

ဝါရှင်တန် ၊ မတ် ၇ အမေရိကန်အစိုးရအရာရှိတွေနဲ့ အရာရှိဟောင်းတွေကို သတ်ဖြတ်ဖို့ကြံစည်မှုတွေမှာ ပါဝင်နေ တယ်လို့ ယုံကြည်ရတဲ့ အီရန်ထောက်လှမ်းရေးတစ်ဦးကို FBI က လိုက်လံရှာဖွေနေပါတယ်။ အသက် ၄၂ နှစ်အရွယ် မာဂျစ်ဖာရာဟာနီဆိုသူက အီရန်ဗိုလ်ချုပ် ခါဆမ်ဆိုလိုင်မေနီ သတ်ဖြတ် ခံရမှုအတွက် လက်စားချေရေး ကြံစည်နေတာလို့ ဆိုထားတာပါ။ အီရန် QUDS တပ်ဖွဲ့ရဲ့ တပ်မှူးဆိုလိုင်မေနီကို ၂၀၂၀…

ဆန္ဒပြမှုအရှိန်တိုးမြှင့်ဖို့ အိန္ဒိယလယ်သမားတွေ နယူးဒေလီကို ဝင်ရောက်ဖို့ စီစဉ်နေ

နယူးဒေလီ၊ မတ် ၆ အိန္ဒိယနိုင်ငံက ဆန္ဒပြလယ်သမားတွေဟာ မြို့တော် နယူးဒေလီမြို့ထဲကို ဘတ်စ်ကား ၊ရထားတွေနဲ့ ဝင်ရောက်ပြီး သူတို့ရဲ့ ဆန္ဒပြမှုကို အရှိန်တိုးမြှင့်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ လယ်ထွန်စက်တွေနဲ့ ပိတ်ဆို့ထားတဲ့ နယ်စပ်နေရာတွေမှာလည်း လယ်သမား အရေအတွက်ပိုများလာနေတယ်လို့ သိရပါတယ်။ လယ်သမားထောင်ပေါင်းများစွာဟာ ဒေလီသို့ချီတက်ကြစို့ (ဒေလီချာလို)ဆိုတဲ့ ခေါင်းစည်းတွေ နဲ့ ပြီးခဲ့တဲ့လက စတင်ချီတက်ခဲ့ကြပေမယ့် မြို့တော်ရဲ့…

ဂါဇာမှာ ကလေးငယ်တွေ အစာရေစာငတ်ပြတ် သေဆုံးမှုတွေ ရှိလာ

ဂါဇာ ၊ မတ် ၆ ဂါဇာကမ်းမြောင်ဒေသမှာ ကလေးငယ်တွေ အစာရေစာငတ်ပြတ်ပြီး သေဆုံးနေရတယ်လို့ သိရပြီး လူတွေဟာ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် သစ်ရွက်တွေနဲ့ တိရိစ္ဆာန်အစား အစာတွေကို စားသုံးနေရတယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။ မိသားစုထောင်ပေါင်းများစွာဟာ အစားအစာ ရှာဖွေရေး ခက်ခက်ခဲခဲကြိုးစားနေကြရပြီး ဂါဇာ မြောက်ပိုင်းက ကာမယ်အဒ်ဝင် ဆေးရုံမှာ ကလေးငယ် ၁၀ ဦး သေဆုံးသွားတာဖြစ်တယ်လို့ ကုလသမဂ္ဂက…

ဟေတီမှာ လက်နက်ကိုင်ဂိုဏ်းက ထောင်ဖောက်ပြီး အကျဉ်းသား ၄၀၀၀  နီးပါး လွှတ်ပေး

ပိုသ့်အော်ပရင့်စ်၊ မတ် ၅ ဟေတီနိုင်ငံရဲ့မြို့တော် ပိုသ့်အော်ပရင့်စ်ရှိ အဓိကအကျဉ်းထောင်ကြီးကို လက်နက်ကိုင်ဂိုဏ်း တွေ ဝင်ရောက်စီးနင်းပြီးနောက် အကျဉ်းသားတွေ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အဲဒီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့အကျဉ်းသား ၄၀၀၀ ထဲက အများစုဟာ လွတ်မြောက်သွားပြီလို့ ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗီနယ်မွိုက်စီကို သတ်ဖြတ်မှုနဲ့ဆက်စပ်တဲ့စွဲချက်တွေနဲ့ အကျဉ်းကျခံနေရသူတွေလည်း ပါဝင်ပါတယ်။ အမေရိကမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့…

ဒူဘိုင်းမှာ အလုပ်ရမယ်ဆိုပြီး ရုရှားစစ်တပ်ထဲ အသွင်းခံရတဲ့ အိန္ဒိယနိုင်ငံသားတွေရှိနေ

နယူးဒေလီ ၊ မတ် ၅ အလုပ်ရမယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုနဲ့ ရုရှားစစ်တပ်ထဲအသွင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၂၀ ထက်မနည်းဟာ ယူကရိန်းစစ်ပွဲရှေ့တန်းနေရာတွေမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ သူတို့ကို ဒူဘိုင်းမှာ အလုပ်ကောင်းကောင်းရမယ်လို့ လိမ်လည်ပြီး ယူအေအီးကို လာရောက်ဖို့ ဆွဲဆောင်ပြီးနောက် ရုရှားကိုပို့ဆောင်ခံရတာဖြစ်တယ်လို့ ရုရှားအတွက်တိုက်ပွဲဝင်နေရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။ ယူအေအီးမှာ အခြေချနေထိုင်နေတဲ့ အိန္ဒိယနိုင်ငံသားအေးဂျင့်ဖြစ်သူဟာ အဲဒီလိုအလုပ်ကောင်း ကောင်းရမယ်ဆိုတဲ့ ကြော်ငြာတွေကို…

အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချဆေး တရားဝင်ရောင်းတော့မယ်

ဝါရှင်တန် ၊ မတ် ၃ အမေရိကန်ဆေးဝါး ကုမ္ပဏီကြီးနှစ်ခုက mifepristone ကိုယ်ဝန်ဖျက်ချဆေးကို ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ အခုလကစတင်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မိမိတို့အနေနဲ့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုထားတဲ့ လက်တစ်ဆုပ်စာ ပြည်နယ်တွေမှာ လာမယ့် သီတင်းပိတ်ကစတင်ပြီး ကိုယ်ဝန်ဖျက်ချဆေးတွေ ရောင်းချပေးသွားမှာဖြစ်တယ်လို့ CVSနဲ့Walgreens ကုမ္ပဏီတွေက အသိပေးထားပါတယ်။ အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနက ဆေးကုမ္ပဏီတွေကို အဲဒီဆေးရောင်းချခွင့် ပြုခဲ့ပြီးနောက်…

စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူခွင့်နဲ့ ငွေကြေးရရှိမှု ပစ်မှတ်ထားတားဆီးဖို့ ကုလ ပြော

ဂျီနီဗာ ၊ မတ် ၃ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်တိုက်ခိုက်နေမှုကို တားဆီးရေး နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူခွင့်အပါအဝင် နိုင်ငံခြားငွေကြေး ရရှိနေမှုကို ကန့်သတ်ထိန်းချုပ်ပြီး အရေးယူရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ပြောပါတယ်။ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက်ပြုမူနေတာကို တားဆီးရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ရဲ့ စွမ်းအင်တွေကို ပြန်လည်အာရုံစိုက်ကြဖို့လည်း လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဗိုလ်ကာတက်ခ်က…

ဂါဇာမှာ စားနပ်ရိက္ခာရဖို့ ကြိုးပမ်းရာကနေလူ ၁၀၀ ကျော်သေဆုံး

ဂါဇာ ၊ မတ် ၂ ဂါဇာမှာ အကူအညီပေးတဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ရရှိဖို့ ကြိုးပမ်းရာကနေ ပါလက်စတိုင်းသား ၁၀၀ ကျော် သေဆုံးပြီး ၇၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးသံချပ်ကာကားတွေရှိနေချိန် ဂါဇာမြို့အနောက်တောင်ဘက် ကမ်းရိုးတန်းလမ်းမှာ ကုန်တင်ကားတန်းကြီး မောင်းလာချိန် လူအုပ်ကြီးရောက်ရှိလာပြီးနောက်ဖြစ်ပွားခဲ့တာပါ။ သံချပ်ကာကားတွေက သတိပေးပစ်ခတ်တာတွေရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပြီး အကူအညီပေးရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့…

နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ပူတင် သတိပေး

မော်စကို ၊ မတ် ၂ အနောက်အုပ်စုအနေနဲ့ ယူကရိန်းစစ်ပွဲကို စစ်အရှိန်မြင့်လာအောင်လုပ်ဆောင်နေပါက နျူစစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိလာမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးလိုက်ပါတယ်။ မော်စကိုမြို့မှာပြောခဲ့တဲ့ နှစ်စဉ်မိန့်ခွန်းမှာ ပူတင်က အနောက်တိုင်းအနေနဲ့ ဘယ်နိုင်ငံကမဆို ယူကရိန်းကို စစ်သားတွေ စေလွှတ်ခဲ့မယ်ဆိုပါက ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ အနောက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ မိမိတို့ဆီမှာ…