အင်တာဗျူး

စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်တပ်က သတ်ဖြတ်တာ၊ အိမ်တွေကိုမီးရှို့တာ၊ အခုကရွာတွေထဲဝင်ပြီးတော့ လူနဲ့ပစ္စည်းတွေမှန်သမျှကို သူ့တပ်ကလုပ်တာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတာ။ အကြမ်းဖက်မှုတွေအားလုံးက သူလုပ်ခဲ့တာ။ သူခိုးကလူပြန်ဟစ်နေတာ” တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲတိုင်းလိုလို ရှုံးနိမ့်နေတဲ့ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြ ဖို့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ထုတ်ပြောလာပါတယ်။ သူရဲ့ထုတ်…

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ခူးဒန်နီရယ်နဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့(စကစ)ကတော့ အထိနာထားတဲ့ အနေအထားမျိုးရှိတယ်။ စခန်းတွေတော်တော်များများ သိမ်းခံရတဲ့ အနေအထားမျိုးရှိတော့ ရန်သူရယ်၊ လူထုရယ် မခွဲတော့ပဲ အနိုင်ကျင့်နေတယ်” ကရင်နီတော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေဟာ ၁၁.၁၁ စစ်ဆင်ရေးနဲ့အတူ ကရင်နီပြည်နယ် လွိုင် ကော်မြို့သိမ်း တိုက်ပွဲဆင်နွှဲနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကလွဲပြီး ကျန်ဒေသအ များစုကို ထိန်းချုပ်ထားပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေ အခြေချရာ နေပြည်တော်နဲ့ မိုင် ၇၀ လောက်သာဝေးတဲ့ လွိုင်ကော်မြို့ကို…

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုနန်းလင်းနဲ့ ဆက်သွယ်မေးမြန်းချက်

“လူထုကို အကြောက်တရားသွင်းတာကိုက သူတို့(စကစ)ကိုယ်တိုင်က ကြောက်နေလို့ပဲ။ လူထုရဲ့ ညီညွတ်မှုကို ကြောက်တာ” လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၀ ဈေးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ရန်ကုန်အင်အားစုက ကိုနန်းလင်း ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ခဲ့တဲ့ အဲဒီဆန္ဒပြလှုပ်ရှားမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဟာ မြောက်ဒဂုံမြို့ နယ် ၄၀ ဈေးအား…

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊ နိုင်ငံရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်

“မွန်ပြည်သစ်ပါတီက ပြတ်ပြတ်သားသားနဲ့ လက်နက်ကိုင်တိုက်မယ်ဆို ကျွန်တော်တို့လို မွန်ပြည်ကာကွယ်ရေး တပ်တောင်ဖွဲ့ဖိုမလိုပဲ မွန်ပြည်သစ်နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်လာခဲ့မှာပါ” ညီနောင်မဟာသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ ညီပူးတွဲ စစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ မြို့ ၈ မြို့အပါအဝင် တပ်စခန်း ၂၀၀ ကျော် လက်လွှတ် ထားရပါတယ်။ ဝါရင့်မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ…

CDM ဗိုလ်ကြီးလင်းထက်အောင်နဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်တပ်အနေနဲ့ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေပြန်ပြီး တန်ပြန်ထိုးစစ်အနေအထားတောင် သူတို့လုပ်လို့မရသေးဘူး။ အခုချိန် ထပ်မံမဆုံးရှုံးဖို့အရေးကို သူတို့အာရုံစိုက်နေတယ်” ညီနောင်မဟာသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံတဝန်း ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တပ်စခန်းရာနဲ့ချီ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းတိုက်ပွဲတွေမှာ လေကြောင်းအပြင် လက်နက်ကြီး အဆတန်အသုံးပြု တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းကလည်း ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ…

Cloud Wings ဒရုန်းအဖွဲ့ တာဝန်ခံ ကိုငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက်

“၁၀၂၇ စစ်ဆင်ရေးအနေနဲ့ အောက်တိုဘာ၂၆ရက်နေ့က စလိုက်တဲ့တိုက်ပွဲဝင်အစဟာ ဒီနေ့အထိ တစ်ရက်မှ မနားရသေးပါဘူး” နိုင်ငံတဝန်းရှိ တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် တပ်စခန်းတွေ လက်လွှတ်နေရပြီး အင်အားပေါင်းစည်းရတဲ့အထိ အထိနာနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဝန်ခံလာပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ပြောင်းလဲလာတဲ့ စစ်နည်း ဗျူဟာအရ မဟာဗျူကျကျ အမြန်ဆုံးထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဘက်က ကြွေးကြွော်ထားတာ…

စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေနဲ့ ဆက်သွယ်မေးမြန်းချက်

“တော်လှန်နေတာချင်းအတူတူ၊ အသက်ပေးနေရတာချင်းအတူတူ တိုင်းဆိုတဲ့ဖက်ဒရယ်ယူနစ်တွေက ပြည်နယ် ဖက်ဒရယ်ယူနစ်တွေကဲ့သို့ နိုင်ငံရေးတန်းတူ၊ နိုင်ငံရေးအဆင့်အ တန်း မရှိဘူးလားဆိုတဲ့ မေးစရာတစ်ခုလည်း ဖြစ်လာပါတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ်ကော်မတီကနေ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အင်္ဂါရပ်တွေနဲ့အညီ တိုင်းလွှတ်တော်ခေါ်ယူကျင်းပခဲ့တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။ အဲဒီလွှတ်တော်အတွင်း ဥက္ကဋ္ဌ၊…

ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုတိယ ဥက္ကစောအားလ်ဒိုနဲ့ ဆက်သွယ်မေးမြန်းချက်

“ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေးကော်မတီကနေ လွှတ်တော်အဖြစ် ဘာကြောင့် ပြောင်းလဲ ဖွဲ့စည်း ရတာလဲ” ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ သဘောတူညီချက်အရ ကရင်နီပြည်နယ် ကြားကာလလွှတ် တော် KSIP ကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ အတည်ပြုကြေညာလိုက်ပါတယ်။ ကရင်နီ ပြည်နယ် ကြားကာလလွှတ်တော်ကို၂၀၂၀ အထွေထွေးရွေကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၁၅…

ချောင်းနှစ်ခွကျေးရွာ စစ်ရှောင်ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

“အိမ်ထဲမှာပိတ်မိနေတာ။ ထမင်းတွေလည်း ငတ်၊ ရေလည်း မချိုးရ၊ ကိုယ်အိမ်နားမှာပဲ လက်နက်ကြီးတွေကျ တယ်။ အသံကတော့ ဆူညံနေတာပဲ။ အိမ်ထဲ မှာဘာသံမှ မထွက်ရဲဘူး။ လုံခြုံတဲ့နေရာမှာပဲ ပုန်းနေရတာပေါ့” မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာကနေ နိုဝင်ဘာ ၁၀ ရက်နေ့ ၁၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲကြောင့်…

ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်

“ပျက်မယ်ဆိုရင်တောင် စစ်အုပ်စုပဲပျက်စီးသွားမှာပါ။ နိုင်ငံတော်က လုံးဝပျက်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံတော်ကို ပြန်လည် ထူထောင်နေတာပါ” ညီနောင်မဟာမိတ်သုံးဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းကုန်းဆုံးမှ ခေါ်ယူလေ့ရှိတဲ့ အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးကို နိုဝင် ဘာ ၈ ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က…