သတင်း

အာဏာသိမ်းကာလ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ အဆိုးရွားဆုံးအဆင့်ကိုရောက်နေ

မော်လမြိုင် ၊ မေ ၄ စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ် လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ မေ ၃ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ စာ နယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ UK in Myanmar က ထုတ်ပြန်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်း သတင်းသမားတွေကို…

ရေဖြူမြို့နယ်မှာ PDF ရဲဘော်အပါအဝင် အရပ်သားသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ရေဖြူ၊ မေ ၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် စိန်ဘုံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးအပါအဝင် အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ တပ်ဖွဲ့အတွက် လိုအပ်တဲ့ ရိက္ခာတွေဝယ်ယူပြီး ကားနဲ့ပြန်လာတဲ့ PDF ရဲဘော်တစ်ဦးနဲ့ ရွာသားနှစ်ဦးဟာ စိန်ဘုံကျေးရွာမှာ စစ်ကောင်စီတပ်…

ကော့ကရိတ်- ကျုံဒိုးတိုက်ပွဲမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာ

ကော့ကရိတ်၊ မေ ၄ ကရင်ပြည်နယ် ကော့ကရိတ်- ကျုံဒိုးမြို့အနီး တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်-ကျုံဒိုးမြို့အနီးမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေအပေါ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ…

နိုင်ငံ့ ဘက်ဂျက် ဒေါ်လာ ၁၆၃ ဘီလီယံ လျှော့ချဖို့ အမေရိကန်သမ္မတ ထရန့် အဆိုပြု

ဝါရှင်တန်၊ မေ ၃ ကာကွယ်ရေးနဲ့ နယ်စပ် လုံခြုံရေးအတွက် ငွေပိုသုံးပြီး လာမယ့်နှစ်မှာ ပညာရေး၊ အိမ်ခြံမြေနဲ့ ဆေးဝါးသုတေသနတို့အတွက် အသုံးစရိတ် သိသိသာသာလျှော့ချသွားမယ့် ဖက်ဒရယ်ဘက်ဂျက်ကို ကန်ဒေါ်လာ ၁၆၃ ဘီလီယံအထိ လျှော့ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက မေ ၂ ရက်မှာ အဆိုပြုလိုက်ပါတယ်။ သမ္မတ ထရန့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းနေချိန်…

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်နေပြီလို့ ကုလ ပြော

အစ္စတန်ဘူလ်၊ မေ ၃ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို အရေးတကြီး အာရုံစိုက်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တက်ခ်က မေ ၂ ရက်မှာ တိုက်တွန်းလိုက်ပြီး မြန်မာပြည်သူတွေဟာ တိုက်ခိုက်မှုတွေနဲ့ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ငြိမ်းချမ်းရေးနဲ့ အကာအကွယ်ပေးမှု လိုအပ်နေတယ်လို့ ပြောကြားထားပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက်…

ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် လေးလအတွင်း အရပ်သား ၃၂ ဦး သေဆုံး

ကျောက်ကြီး၊ မေ ၃ ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ပဲခူးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အပစ်မဲ့အရပ်သားပြည်သူစုစုပေါင်း ၃၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မေ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရင်နေ့အထိ လေးလအတွင်း ပဲခူးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့်…

အပစ်ရပ်ကာလအတွင်း အရပ်သားတွေသေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ စစ်ကောင်စီဆက်လက်ပြုလုပ်နေ

မော်လမြိုင်၊ မေ ၃ စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကြေညာခဲ့တဲ့ ယာယီအပစ်ခတ်ရပ်စဲ ကာလအတွင်းမှာ ငလျင်ကြောင့် အိုးအိမ်စွန့်ခွာနေရပ်ထွက်ပြေးသူတွေခိုလှုံနေတဲ့ အရပ်သားအဆောက်အအုံတွေအပေါ် အသက်ဆုံးရှုံးစေနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Fortify Right က မေ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ “မြန်မာစစ်‌ကောင်စီရဲ့ ဘုရားစူး အပစ်အခတ်ရပ်စဲရေးဟာ အတုအယောင်ပါပဲ”…

မိုးကုတ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

မိုးကုတ်၊ မေ ၃ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းကသဲ ရပ်ကွက်မှာရှိတဲ့ အနောက်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မေ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မေ ၃ ရက် မနက်…

စစ်အာဏာသိမ်း (၁၅၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၃ AAPP ရဲ့ မေ ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၂) ရက်အတွင်း ပြည်သူ (၆၆၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၀၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၀၇ ) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ နေလှန်းဆားဈေး စံချိန်တင်ထိုးတက်

မော်လမြိုင် ၊ မေ ၃ ရာသီဥတုဖောက်ပြန်မှုနဲ့အတူ ဆားအထွက်နှုန်း ကျဆင်းမှုကြောင့် မွန်ပြည်နယ်ထွက် နေလှန်ဆားဈေး စံချိန်တင်မြင့်တက်လာတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆားမထွက်မီက တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင်သာရှိခဲ့တဲ့ နေလှန်းဆားကြမ်းဈေးဟာ အခုမေလ ပထမအပတ်ကစပြီး တစ်ပိဿာကို ကျပ် ၆၅၀ ဝန်းကျင်ထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။ နေလှန်ဆားကြမ်းဈေးဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်း…