သတင်း

ခြေဥ ပြင်ဆင်မှုကို ပြည်သူက ဆုံးဖြတ်မယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ မေ ၁၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မှု မှန်သမျှဟာ ဖေဖော်ဝါရီ ၈ ရက် လူထု ဆန္ဒခံယူပွဲမှာ မဲပေးသူ ၂၁ သန်းကျော် ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့အညီဆောင်ရွက်ရမှာ ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ အစိုးရဟာ အရင်လွှတ်တော်က အဆိုပြုထားခဲ့တဲ့…

စစ်မှုထမ်းတပ်သားလေးဦး ရေးဘီလူးအဖွဲ့ထံ အလင်းဝင်

ရေး၊ မေ ၁၄ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပြည်သူ့ စစ်မှုထမ်း တပ်သား လေးဦး အလင်းဝင်လာတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။ ပြည်သူ့စစ်မှုထမ်း တပ်သားတွေဖြစ်တဲ့ တပ်သား မင်းထက်၊ ပြည့်ဖြိုးမောင်၊ အေးမင်းလှိုင်၊ အာဂျင်တို့ဟာ မေ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အလင်းဝင်လာတာပါ။ အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား…

စစ်အာဏာသိမ်း (၁၉၂၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၄ AAPP ရဲ့ မေ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၂၈) ရက်အတွင်း ပြည်သူ (၈၀၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၈၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

အခြေပြုမှုမတူညီတဲ့ မွန်နိုင်ငံရေးအားပြိုင်မှုတွေအပေါ် မွန်လူထုက ဘာပြောလဲ

မော်လမြိုင် ၊ မေ ၁၄ လက်ရှိကာလမှာ မွန်နိုင်ငံရေးအခင်းအကျင်းဟာ တော်လှန်ရေးအခြေပြု တရားဝင်မှုနဲ့ ရွေးကောက်ပွဲအခြေပြု တရားဝင်မှုအကြား အားပြိုင်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေလို့ ရာမညအင်စတီကျူ နိုင်ငံရေးသုတေသန RICE အဖွဲ့က မေ ၁၁ ရက်နေ့မှာ သုံးသပ်ချက် ထုတ်ပြန်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ဖက်ဒရယ်ပုံစံသစ်တစ်ရပ် တည်ဆောက်လိုနေချိန်မှာ မွန်ညီညွတ်‌ရေးပါတီ MUP…

လမိုင်းမှာ ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် အစစ်ဆေးကြမ်းနေ

ရေး၊ မေ ၁၄ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ပေါ်မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းရာကျော် ပစ်သတ်ခံရပြီးနောက် အစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က လမိုင်းမြို့ပေါ်မှာ တပည့်တွေနဲ့အတူ အသုပ်လာဝယ်တဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းရာကျော်ကို ရေးဘီလူးအဖွဲ့က သေနတ်နဲ့ အနီးကပ်…

တနင်္သာရီမြို့နယ် တကူကျေးရွာ စာသင်ကျောင်း လေကြောင်းဗုံးကြဲခံရ

တနင်္သာရီ၊ မေ ၁၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာ အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် ကျောင်းဆောင်အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၁၃ ရက် မနက် ၁၀ နာရီအချိန်လောက်မှာ တကူကျေးရွာ အထက်တန်းကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တဲ့အပြင် ရော့ကဒ်တွေနဲ့ပါ ပစ်ခတ်သွားခဲ့တာ…

ဟောမု့ဇ် ရေလက်ကြား ကာကွယ်ရေး လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စစ်သင်္ဘော စေလွှတ်ပေးဖို့ ဗြိတိန် သဘောတူ

လန်ဒန်၊ မေ ၁၃ ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောလမ်းကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေး ပူးပေါင်း အစီအစဉ်အတွက် တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စစ်သင်္ဘော စေလွှတ်ပေးမယ်လို့ ဗြိတိန်က ပြောလိုက်ပါတယ်။ မေ ၁၂ ရက်က အွန်လိုင်းက ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ အဲဒီ အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ဂျွန် ဟာလေက ကြေညာခဲ့တာ…

အီရန် စစ်ပွဲ အဆုံးသတ်ရေး ရှီကျင့်ဖျင်ရဲ့ အကူအညီ မလိုဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ မေ ၁၃ လာမယ့် တရုတ် ခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန် စစ်ပွဲအရေး အကြာကြီး ဆွေးနွေးသွားမှာ ဖြစ်ပေမယ့် ရှီရဲ့ အကူအညီ လိုအပ်တယ်လို့ မထင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မေ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ အီရန်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကူအညီလိုအပ်တယ်လို့…

စစ်အစိုးရ လွှတ်တော်တွေ ဇွန်လဆန်းပိုင်းမှာ ပြန်ခေါ်မယ်

နေပြည်တော်၊ မေ ၁၃ အာဏာသိမ်း စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဇွန်လဆန်းပိုင်းမှာ ပြန်လည်ခေါ်ယူကျင်းပသွားမယ်လို့ ကြေညာပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို ဇွန် ၂ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပြီး ကိုယ်စားလှယ်တွေအနေနဲ့ မေ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးပို့ကြဖို့ ညွှန်ကြားထားပါတယ်။…

နယ်မြေစိုးမိုးရေး လုပ်ငန်းစဉ် မွန်ပြည် MSRF တပ်မှူးတွေ အတည်ပြုဆုံးဖြတ်

ရေး၊ မေ ၁၃ သုံးရက်တာ ကျင်းပခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ တပ်မှူး အစည်အဝေးမှာ နယ်မြေစိုးမိုးရေးနဲ့ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်ပါတယ်။ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ တပ်မှူးများ အစည်းအဝေးကို တပ်ရင်းဌာနချုပ်မှာ မေ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့တာပါ။…