သတင်း

စစ်အာဏာသိမ်း (၁၅၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၁၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၈ AAPP ရဲ့ မေ ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၇) ရက်အတွင်း ပြည်သူ (၆၆၁၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၂၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

NUCC မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ ဘယ်လိုတွေ ပူ‌ပေါင်းလုပ်ဆောင်နေလဲ

မော်လမြိုင် ၊ မေ ၈ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က မေ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေနဲ့ ကောင်စီဝင်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းထဲမှာ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီအဖြစ် မွန်ပြည်ဖက်ဒရယ်ကောင်စီလည်း ပါဝင်ပါတယ်။ အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီးသုံးဦးပါဝင်သလို NUCC မှာလည်း…

ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်တွေ မေ ၉ ရက်နေ့အထိ ပြန်လည်ပြေးဆွဲဖို့ မသေချာသေး

မော်လမြိုင် ၊ မေ ၈ ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရထားခရီးစဉ်တွေ မေ ၉ ရက်နေ့အထိ ပြန်လည်ပြေးဆွဲဖို့ မသေချာသေးဘူးလို့ မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြားရှိ ရထားလမ်းမိုင်တိုင် အမှတ် ၁၁၂/၁၀-၁၁ ကြား တံတား အမှတ် ၆၅ ဟာ…

ကျုံဒိုးမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာပြီး နောက်ပြန်ဆုတ်

ကျုံဒိုး၊ မေ ၈ ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးမှာ မေလအစောပိုင်းက စစ်ကူလာတဲ့ စစ်ကောင်စီ တပ်မ ၂၂ လက် အောက်ခံစစ်ကြောင်းတွေ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတာကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရက် ၂၀ ကျော်ကြာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲတွေမှာ စစ်ကူပေးပို့ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက…

မွန်နဲ့ပဲခူးအစပ်မှာ စစ်ကောင်စီ တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေ

ပဲခူး၊ မေ ၈ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်တွေဖြစ်တဲ့ ရွှေကျင်၊ဝေါမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်တို့မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး ခုခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မေလပထမအပတ်ကစလို့ ပဲခူးတိုင်း ဝေါမြို့နယ်ရှိ သူရဲသမိန်၊ လက်ပန်၊ ဆင်ရွာ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ နဲ့ အမတ ၃၁၀…

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ မေ ၇ စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေး ကြေညာထားတဲ့ ကာလအတွင်း နိုင်ငံတစ်၀န် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး၀န်ကြီးဌာနက မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ယာယီ အပစ်ခတ်ရေး ကြေညာထားတဲ့ နှစ်ကြိမ်အတွင်း နိုင်ငံတစ်၀န်းမှာ လေကြောင်းတိုက်ခိုက်မှု…

ပုလောမှာ ပျူစောထီးအဖွဲ့၀င် သုံးဦး ပစ်ခတ် ရှင်းလင်းခံရ

ပုလော၊ မေ ၇ တနင်္သာရီတိုင်း ပုလောမြို့နယ်က အရက်ဆိုင်မှာ ရှိနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦး အပါအဝင် ပျူစောထီး သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ မေ ၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ပုလောမြို့နယ်ရှိ ပုလော‌‌ကုန်းကျေးရွာ၊ ပလမြို့နဲ့ ပုလောမြို့တွေက ပျူစောထီးအဖွဲ့၀င် သုံးဦးကို ပြည်သူ့ကာကွယ်ရေး…

မိမိတို့နိုင်ငံရေးမှာ ကြားဝင်မပါဖို့ အမေရိကန်ကို ဂျာမနီ အဓိပတိ သတိပေး

ဘာလင်၊ မေ ၇ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ မဟာမိတ်တွေဆီက အားကောင်းတဲ့ ထောက်ခံမှုကို လက်ယာစွန်းရောက် AfD ပါတီ ရရှိခဲ့ပြီးနောက် ဂျာမနီ အဓိပတိအသစ် ဖရက်ဒရစ် မာ့ဇ်က အမေရိကန်အနေနဲ့ သူ့ နိုင်ငံရဲ့ နိုင်ငံရေးမှာ ကြားဝင်မပါသင့်ဘူးလို့ မေ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ကျွန်တော်…

အိန္ဒိယက ပါကစ္စတန်ကို စတင်တိုက်ခိုက်

မူဇကဖာရာဘက်၊ မေ ၇ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ ရန်သူ နှစ်နိုင်ငံကြား ဆယ်စုနှစ် နှစ်စုကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် အိန္ဒိယက ပါကစ္စတန်နဲ့ ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို မေ ၇ ရက်မှာတိုက်ခိုက်ခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောထားပါတယ်။ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား…

စစ်အာဏာသိမ်း (၁၅၅၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၁၅) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၇ AAPP ရဲ့ မေ ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၆) ရက်အတွင်း ပြည်သူ (၆၆၁၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၁၇ ) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…