သတင်း

တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေ

တောင်ငူ၊ မေ ၁၀ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် တောင်ငူ-သံတောင်ကြီး ကားလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်က သွားလာလှုပ်ရှားသွားလာမှုကြောင့် မေ ၁ ရက်နေ့ကစပြီး တောင်ငူမြို့ကို ကားတွေ သွားလာတာတွေမပြုလုပ်ဖို့ KNU တပ်မဟာ ၂ လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်…

ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသတစ်ခုလုံးကို KNU ပြန်လည်သိမ်းပိုက်

ထားဝယ်၊ မေ ၁၀ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးဒေသတစ်ခုလုံးကို အ လုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၉ ရက်နေ့မှာ တရားဝင်အတည်ပြုကြေညာပါတယ်။ ထီးခီးဒေသအတွင်းရှိ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့၊ ထီးခီးဗျူဟာစခန်းကို မေ ၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ မိမိတို့နဲ့ မသက်ဆိုင်ဘူးလို့ အမေရိကန် ပြော

ဝါရှင်တန်၊ မေ ၉ ပါကစ္စတန်နဲ့အိန္ဒိယတို့ တင်းမာမှု အရှိန်လျှော့ချရေး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ အဲဒီ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ အာရှ အိမ်နီးချင်း နှစ်နိုင်ငံကို အမေရိကန်အနေနဲ့ မထိန်းချုပ်နိုင်ကြောင်း အမေရိကန် ဒုသမ္မတ ဂျေဒီ ဗင့်စ်က မေ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဲဒီ နှစ်နိုင်ငံကြား ဖြစ်ပွားတဲ့ စစ်ပွဲဟာ အမေရိကန်နဲ့ သက်ဆိုင်မှာ…

အမေရိကန်ကို ဆန့်ကျင်ဖို့ သံမဏိ မိတ်ဆွေတွေလို လက်တွဲသွားမယ်လို့ ပူတင်နဲ့ ရှီကျင့်ဖျင် ကတိပြု

မော်စကို၊ မေ ၉ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိထိရောက်ရောက် တားဆီးရေးနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို နောက်တစ်ဆင့် တိုးမြှင့်ရေး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မေ ၈ ရက်က ကတိပြုခဲ့ကြပြီး မိမိတို့နှစ် နိုင်ငံအနေနဲ့ သံမဏိမိတ်ဆွေတွေလို ဖြစ်သင့်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ ကရင်မလင် နန်းတော် ဆွေးနွေးမှုအတွင်း အမေရိကန် ကြီးစိုးမှု…

ကျွန်းစုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ၂၀ ဦးသေဆုံး

ကျွန်းစု၊ မေ ၉ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်ရှိ ဝါရစ် ပိန်းတောပြင် ရှေ့တန်းတပ်စခန်းကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ မနက် ၆…

အပစ်ရပ်ကြေညာပေးမယ့် စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် နောင်ချိုမှာ တိုက်ပွဲဖြစ်

နောင်ချို၊ မေ ၉ အပစ်ရပ်ကြေညာထားပေမယ့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မေ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ ထိုးစစ်တွေ ပြုလုပ်မှာမဟုတ်ဘဲ နောက်ထပ် တစ်လ တစ်ဖက်သတ်…

ပုပ်ရဟန်းမင်းကြီး အသစ်ကို ကမ္ဘာ့နိုင်ငံတွေနဲ့ဘာသာရေး ခေါင်းဆောင်တွေ ဂုဏ်ပြု

ဗာတီကန် စီးတီး၊ မေ ၉ ပုပ်ရဟန်းမင်းကြီးအသစ် လီယို ၁၄ ကို ကမ္ဘာတဝန်းရှိ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ဘာသာရေး ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုပြီး ဆုတောင်းမေတ္တာ ပို့သလိုက်ကြပါတယ်။ ရောဘက် ပရီဗို့စ်ဟာ ကက်သလစ်ဘုရားကျောင်း ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ မြောက်အမေရိကမှာ မွေးဖွားတဲ့ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ချီကာဂိုမှာ မွေးဖွားခဲ့သူ ပရီဗို့စ်ဟာ ပြုပြင်ပြောင်းရေးသမားအဖြစ် ရှုမြင်ခံရကာ…

စစ်အာဏာသိမ်း (၁၅၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၉ AAPP ရဲ့ မေ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၈) ရက်အတွင်း ပြည်သူ (၆၆၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာနယ်စပ်တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီ ထိုင်းဘက်ခြမ်း တိမ်းရှောင်နေရ

မြန်မာနယ်စပ်တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီ ထိုင်းဘက်ခြမ်း တိမ်းရှောင်နေရ လှိုင်းဘွဲ၊ မေ ၉ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၀၀ ဝန်းကျင် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ရောက်ရှိလာခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မေ ၇ ရက်နေ့ မနက်ပိုင်းက လှိုင်းဘွဲမြို့နယ် မဲလေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA…

ကရင်ပြည်နယ် ကျုံဒိုးမြို့မကျရေး အပြင်းအထန်ခုခံဖို့ စစ်ကောင်စီပြင်ဆင်

ဘားအံ၊ မေ ၉ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ရဲ့ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့ပေါ်သာမက ဘားအံမြို့အနီးအနားက နေရာတွေမှာပါ ခံစစ်ပြင်ဆင်ပြီး စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်လာနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြေဆိုချက်အရ သိရပါတယ်။ ကရင်ပြည်နယ် ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့အနားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ် ကြောင်းတွေအပါအဝင် တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်…