စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပိုမိုမြင့်တက်လာတယ်လို့ IIMM ပြော
မော်လမြိုင်၊ ဧပြီ ၁၂ မြန်မာစစ်ကောင်စီက ဒီနှစ်အတွင်းမှာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့် လုပ်ဆောင်လာတာကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ နေရာအနှံ့ဖြစ် ပွားနေပြီး လူမှုအသိုင်းအဝိုင်းတွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ကျူးလွန်ဖို့အတွက်အမိန့်ပေးစေခိုင်းသူတွေနဲ့ လုပ်ဆောင်နေသူတွေ…