သင်္ကြန်အလွန် မွန်ပြည်နယ်မှာ အမျိုးသမီးစစ်မှုထမ်းခေါ်မယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်မှုမြင့်တက်နေ
မော်လမြိုင် ၊ ဧပြီ ၁၃ မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတွေက သင်္ကြန်ပွဲတော်ကာလပြီး အမျိုး သမီးစစ်မှုထမ်းတွေ ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေရတယ်လို့ ဒေ သခံ အမျိုးသမီးငယ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ လက်ရှိဒေသတွင်းမှာတော့ စစ်ကောင်စီလက်အောက်ခံတွေဟာ သင်္ကြန်ပွဲတော်ကာလအလွန် အ မျိုးသမီးစစ်မှုထမ်းတွေ စတင်ခေါ်ယူစုဆောင်းဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်နေတာပါ။ အခုလို အမျိုးသမီးစစ်မှုထမ်း…