ရေတံခွန်အပျော်ခရီးမှပြန်လာသော ဆိုင်ကယ်စီးလူငယ်(၂)ဦး ကားတိုက်မှုကြောင့် သေဆုံး
ပေါင်၊ ဇွန် ၂၈ ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့ပြီး သထုံမြို့သို့ပြန်သည့် လူငယ်နှစ်ဦးစီးလာသောဆိုင်ကယ်တစ်စီးမှာ မျက်နှာချင်းဆိုင်မှလာသည့်ကားတစ်စီးကိုတိုက်မိခဲ့၍ ကားကြိတ်ခံရပြီး နေရာ၌ပင်နှစ်ဦးစလုံးသေဆုံးခဲ့မှု ပေါင်မြို့ကတွန်ကျေးရွာတွင် ဇွန်လ၂၈ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။