KNU က တိုက်ခိုက်ရင် ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ် ခြိမ်းခြောက်
မော်လမြိုင်၊ စက်တင်ဘာ ၂၉ သထုံမြို့နယ်အတွင်းမှာ KNU တပ်မဟာ(၁)ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုပြုလုပ်ပါက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ်က အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်လို့ KNU က ဆိုပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့မှာ သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စုအတွင်းက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က ခေါ်ယူကာ ပြောဆို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ “ရပ်မိရပ်ဖတွေကို စစ်တပ်က ခေါ်ယူပြီးတော့…