စစ်ကောင်စီလက်အောက်ခံ BGF က ရွာသူကြီး လုပ်ကြဖို့ အတင်းအဓမ္မ စေခိုင်းနေ
မော်လမြိုင်၊ အောက်တိုဘာ ၇ ကေအဲန်ယူ ဒူးသထူခရိုင် ဘားအံမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က ဒေသခံရပ်မိရပ်ဖတွေခေါ်ယူတွေ့ဆုံပြီး ရွာအုပ်ချုပ်ရေးမှူး(ရွာသူကြီး)တာဝန်ထမ်းဆောင်ဖို့ အတင်းအဓမ္မလုပ်ဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကေအဲန်ယူ ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေက ကျေးရွာတွေဖြစ်ကြတဲ့ တကောင်ဘိုး၊ ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတုန်းကြီး၊ မီးပုံးစတဲ့ကျေးရွာတွေက ဒေသခံရပ်မိရပ်ဖနဲ့ ဂေါပကအဖွဲ့တွေကို BGF…