သတင်း

တစ်ပတ်အတွင်း ကုန်ဈေးနှုန်း

စားသောက်ကုန် အမျိုးအစား အရေအတွက် ဈေးနှုန်း(ကျပ်) ဆန်(ပေါ်ဆန်းဝါ) ၆ ပြည် ၈၉၀၀ ငါးကြဉ်း ၁ပိဿာ ၅၀၀၀ ကြက်သား ၁ ပိဿာ ၆၀၀၀ ဝက်သား ၁ ပိဿာ ၇၀၀၀ ဘဲသား ၁ ပိဿာ ၇၀၀၀ ကြက်သွန်နီ ၁ ပိဿာ ၁၀၀၀ ကြက်သွန်ဖြူ ၁ပိဿာ ၅၀၀၀…

အရည်အသွေးကောင်းမွန်ခြင်းမရှိဟု ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့သည့် မော်ရင်ဟို အရေးယူခံဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြအသစ် မော်ရင်ဟိုသည် လီဗာပူးလ် နှင့် တွေ့ဆုံ သည့် ပွဲတွင် ကိုယ်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ေတေလာကို ဝေဖန်ပြစ်တင်ခဲ့သည့် အတွက် အရေး ယူခံရဖွယ် ရှိနေသည်။

အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု MFF ထုတ်ပြန်ကြေငြာ

အာရှဘောလုံး အဖွဲ့ချုပ် (AFC) ဥက္ကဌဖြစ်သူ ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာသည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF) မှ ထုတ်ပြန်ကြေငြာလိုက်သည် ။

မိုးလေဝသ ခန့်မှန်းချက်

( အောက်တိုဘာလ ၁၈ ရက်နေ့မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ) မွန်ပြည်နယ်တွင် မိုးရွာသွန်းမြဲထက် ပိုမိုရွာသွန်းနိုင်ပြီး (၆) ရက်မှ (၈) ရက်ခန့် မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နိုင်ပါသည်။

ပန်းရောင်းသည့် မိန်းကလေးငယ်အား ကားတင်ပြေး အဓမ္မပြုကျင့်ကာ KTV ဆိုင်ပို့ခဲ့သည့် ကိစ္စ သက်ဆိုင်ရာမှအရေးယူမှု အားနည်းနေ၍ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးဟုဆို

ကျိုက်မရော၊ အောက်တိုဘာ ၁၇ ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင်ဘာလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သည့်အမှုအား တရနာရဲစခန်းမှ တာဝန်ရှိသူများမှ သံသယရှိ သူများကို အရေးယူဆောင်ရွက်ထားသော်လည်း တစ်လအကြာအထိ စုံစမ်းဖော်ထုတ်မှု တစ်စုံ တစ်ရာမျှ မရရှိသေးကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ကိုရီးယားအစိုးရမှ ချီးမြှင့်မည့် ပညာသင်ဆု( Scholarship ) ကို မြန်မာနိုင်ငံမှ ကျောင်းသားများ လည်းလျှောက်ထားနိုင်

ကိုရီးယားနိုင်ငံအစိုးရမှ ချီးမြှင့်မည့် The Korean Government Scholarship Program (KGSP) 2017 ပညာသင်ဆုကို ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များတွင် Bachelors ဘွဲ့၊ Master ဘွဲ့နှင့် PHD ဘွဲ့ ရရှိလိုသူများလျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။

လွှတ်တော်တွင် ခွင့်ယူပျက်ကွက်ခဲ့သော်လည်း လွှတ်တော်တာဝန်လုံးဝ မပျက်ကွက်ခဲ့ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို

မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တစ်ရက်သာ တက်ခဲ့ပြီး နောက်ပိုင်း ရက်များခွင့်ယူခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်မှုများ ပြုလုပ်နေသည့်အပေါ် လွှတ်တော်တက်ရန် ခွင့်ယူ

မော်လမြိုင်မြို့ရှိ ဈေးကြိုအဝေးပြေး ယာဉ်ရပ်နားစခန်း ရွေ့ပြောင်းရန် ပြည်နယ်အစိုးရမှ အတည်ပြု

မော်လမြိုင်မြို့ အဝေးပြေး ယာဉ်ရပ်နားစခန်း (ဈေးကြို ) ရွေ့ပြောင်းရန် ပြည်နယ်အစိုးရမှ အတည်ပြု လိုက်ကြောင်း ပြည်နယ်အစိုးရုံးမှ သတင်းရရှိသည်။

ဂျပန်စာအရည်အချင်း N-3 ထိတက်မြောက်ပြီးမှသာဂျပန်နိုင်ငံသို့ပညာတော်သင်သွားသင့်သည်ဟုဆို

ပြည်တွင်းမှ ဘွဲ့တစ်ခုခုရရှိပြီး Professional အနေဖြင့်ဖြစ်စေ၊ General Worker အနေဖြင့် ဖြစ်စေ၊ ပညာတော်သင်အနေဖြင့်ဖြစ်စေ ဂျပန်နိုင်ငံသို့သွားရောက်မည်ဆိုပါက ဂျပန်စာ အရည်အချင်း သတ်မှတ်ချက် N-3 level ထိ တက်မြောက်ပြီးမှသာ သွားရောက်သင့်ကြောင်း သိရသည်

သာသနာ့မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ယမ်းမိုင်းခွဲ ကျောက်ထုတ်လုပ်ခြင်းအား ကန့်ကွက်ဆန္ဒဖော်ထုတ်

သာသနာ့မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ယမ်းမိုင်းခွဲကျောက်ထုတ်လုပ်ခြင်းကို ကန့်ကွက်သည့်ဆန္ဒဖော် ထုတ်မှုအား အောက်တိုဘာလ(၁၂)ရက်နေ့ မနက်ပိုင်းက ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။