မွန်အမျိုးသားကျောင်း ဆရာ ဆရာမတွေကို လစာထောက်ပံ့ပေးဖို့ ပြည်ထောင်စုအစိုးရကို တင်ပြထား
မော်လမြိုင် ၊ ဇန်နဝါရီ (၁၅) မွန်အမျိုးသားစာသင်ကျောင်းက ဆရာ ဆရာမတွေကို လစာထောက်ပံ့ပေးနိုင်ဖို့ ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းထားတယ်လို့ မွန်ပြည်နယ်လွှတ်တော် တိုင်ရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ထူးက ပြောပါတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ အဓိက ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဆရာမတွေရဲ့လစာအပါအဝင် ရုံးဝန်ထမ်းလစာ၊ ကျောင်းတည်ဆောက်ပြုပြင်တာတွေအတွက် နှစ်စဉ် ကျပ်သန်းနှစ်ထောင်ခန့် ကျခံ သုံးစွဲနေရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မွန်ပြည်နယ်တိုင်းရင်းသားရေးရာကော်မတီအနေနဲ့…