သထုံသပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်အောင် မြို့ခံရှေ့နေတွေ ကူညီပေးနေ
သထုံ ၊ ဧပြီ (၃) သထုံသပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံခဲ့ရသူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မြို့ခံရှေ့နေတွေက လိုက်ပါဆောင်ရွက်နေပေးနေပါတယ်။ ဒီကနေ့ မနက်ပိုင်း သထုံမြို့နယ် ပေါ်တော်မှုကျေးရွာက သပိတ်ဖြိုခွင်းမှုမှာ (၁) ဦးကျဆုံးပြီး ဆယ်ဦးထက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒေသခံ (၁၀၀)ကျော်ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ဆန္ဒဖော်ထုတ်အပြီး လူစုခွဲချိန်မှာ စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံထားရသူတွေထဲမှာ လူငယ် အမျိုးသား…