ထားဝယ် သင်္ကန်းတုံးမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို ဝင်မွှေပြီးနောက် တန်းဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွား
ထားဝယ် ၊ ဇူလိုင် (၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအတွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနောက်ပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်ဟာ သင်္ကန်းတုံးကျေးရွာမှာ…