ညောင်လေးပင်ခရိုင်မှာ စစ်ရှောင်တွေထံ စားနှပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီပေးဖို့ အခက်ကြုံနေရ
ညောင်လေးပင် ၊ ဇူလိုင် (၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထဲမှာ စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက် လှုပ်ရှားပြီး ကန့်သတ်မှုတွေ လုပ်ဆောင်လာတာကြောင့် စစ်ရှောင်တွေထံ စားနှပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီပေးဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ (၂၆)ရက်နေ့ကစပြီး စစ်ကောင်စီတပ်က…