သတင်း

ရေဖြူမြို့နယ်က စစ်ဘေးရှောင် တစ်ထောင်နီးပါး အရေးပေါ်အကူအညီ လိုအပ်နေ

ရေဖြူ၊ မေ ၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တစ်ထောင်နီးပါး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကစလို့ ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ အင်အားဖြည့်တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့်…

ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲမှာ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာနေ

ကော့ကရိတ်၊ မေ ၃ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်းနဲ့ ကျုံဒိုးမြို့အနီး စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစလို့ ကျုံဒိုးမြို့အနီး နွားခြံကုန်းရွာဘက်မှာ စစ်ကူတက်ရောက်လာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး…

မုန်းမြို့နယ်မှာ စစ်တပ်ခြေကုတ်ယူတပ်စွဲထားတဲ့ နေရာ ငါးခု တိုက်ခိုက်သိမ်းပိုက်ခံရ

မုန်း၊ မေ ၂ ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီခြေကုတ်ယူ တပ်စွဲထားတဲ့ နေရာ ငါးခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒုရင်းမှူးတစ်ဦး အပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်မှာ မုန်းမြို့နယ်ထဲက…

အမေရိကန်နဲ့ အခွန်ကိစ္စ ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ မေ ၂ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံထားမှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အမေရိကန်က တရုတ်ကို ချဉ်းကပ်ခဲ့ပြီး ဘေဂျင်းက ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တရုတ် စီးပွားရေးဝန်ကြီးဌာနက မေ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်နိုင်ငံကြား ဆွေးနွေးဖို့ ကြိုးပမ်းနေတာကြောင့် ကုန်သွယ်ရေး စစ်ပွဲ…

ဖိလစ်ပိုင်နဲ့ နယူးဇီလန် စစ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

မနီလာ၊ မေ ၂ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ပိုများလာတဲ့ ရန်စမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်က လုံခြုံရေး မဟာမိတ်ဖွဲ့မှုတွေ ဆက်လက် တည်ဆောက်နေချိန် နယူးဇီလန်နဲ့ဖိလစ်ပိုင်တို့ဟာ ဧပြီ ၃၀ ရက်မှာ စစ်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီဘာတို တီယိုဒိုရိုနဲ့နယူးဇီလန် ကာကွယ်ရေးဝန်ကြီး ဂျူးဒစ် ကိုးလင်းတို့ကြား နှစ်နိုင်ငံတပ်တွေအပြန်အလှန်…

နောင်ချိုအပါအဝင် သိမ်းပိုက်နယ်မြေတွေကနေ ဆုတ်ခွာပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက် TNLA ပယ်ချ

နောင်ချို မေ ၂ တရုတ်နိုင်ငံရဲ့ ကြားဝင် စီစဉ်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ TNLA က မေ ၂ ရက်မှာ…

မေလကုန်အထိ အပစ်ရပ်တိုးတယ်လို့ ညီနောင်သုံးဖွဲ့ ကြေညာ

မော်လမြိုင် ၊ ‌မေ ၂ စစ်‌ကောင်စီရဲ့ တပ်စခန်းတွေ မြို့တွေများစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ကြောင့် ကြေညာခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးကာလကို နောက်ထပ် တစ်လတာ ထပ်မံ သက်တမ်းတိုးတယ်လို့ မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ရေး အချိန်ထပ်မံ လိုအပ်နေတာကြောင့် မေ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ…

လူသားစာနာအကူအညီတွေ ဘေးကင်းကင်းလုပ်နိုင်ဖို့ အပစ်ရပ် သက်တမ်းထပ်တိုးရေး မလေးရှား တောင်းဆို

ကွာလာလမ်ပူ မေ ၂ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှုတွေ ဘေးကင်းကင်း လုပ်ဆောင်နိုင်စေဖို့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ ကုန်ဆုံးခဲ့တဲ့ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းထပ်တိုးဖို့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် အန်ဝါ အီဗရာဟမ်က သဘာဝဘေးဖြစ်ပြီးတဲ့နောက် ကြေညာခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုး ဆက်လက်ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့…

ရွေးကောက်ပွဲအမီ လက်လွှတ်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်မလား

နေပြည်တော် ၊ မေ ၂ နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီက လာမယ့်ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ စီစဉ်နေပြီး လက်လွှတ်ထားရတဲ့မြို့တွေကို အကုန်ပြန်သိမ်းမယ်လို့ ကြုံးဝါးနေပါတယ်။ လာမယ့်ဒီဇင်ဘာအတွင်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီမံဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၃၀ ရက်နေ့မှာ ပြု လုပ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံမှာ…

မော်လမြိုင်မှာ ပြည်သူပိုင်မြေတွေကိုသိမ်းယူပြီး စစ်ကောင်စီ မြို့ကွက်သစ်ဖော်နေ

မော်လမြိုင် ၊ မေ ၂ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြည်နယ်စစ်ကောင်စီက ပြည်သူပိုင်မြေတွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအဓမ္မသိမ်းယူပြီးနောက် မြို့ကွက်သစ် ဖော်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကောင်စီဟာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်ကြားမှာရှိတဲ့ ပြည် သူပိုင်နေအိမ် ရာနဲ့ချီကို ပြီးခဲ့တဲ့ မတ်လကစလို့ ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအ ဓမ္မ ဖြိုဖျက်ဆီးပြီးနောက်…