သာဂရကျေးရွာကို စစ်တပ်က မီးရှို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး အိမ်(၆၀)ကျော်မီးလောင် ပျက်ဆီး
ခင်ဦး – ဇွန်(၅) စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ခင်ဦး-ရေဦးလမ်းဘေးရှိ သာဂရကျေးရွာ က နေအိမ်တွေကို စစ်ကောင်စီက မီးရှို့လို့ အိမ်ခြေ(၆၀) ကျော် ပျက်ဆီးခဲ့ပြီး အသက်ကြီးပိုင်း အရွယ်အမျိုးသမီး တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ စစ်ကောင်စီက နေအိမ်တွေမီးရှို့ခဲ့လို့ ကျန်းမာရေးမကောင်းတဲ့ အသက်(၇၀) ကျော်အရွယ် အမျိုးသမီး ဖြစ်သူဟာ မီးလောင်ကျွမ်းသေဆုံးခဲ့ရတာပါ။…