သတင်း

အာဖဂန်နစ္စတန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးဖို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဘာလင် ၊ ဇူလိုင် (၁) တာလီဘန်အစိုးရလက်ထက်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပြီး အာဖဂန်စီးပွားရေးရဲ့ အခြေခံလည်ပတ်မှုတွေကို အန္တရာယ်မရှိစေရဘူးလို့ ပြောကြားခဲ့ပါတယ်။ ယမန်နှစ်က တာလီဘန်တို့ သိမ်းပိုက်မှုကြောင့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ အစိုးရများက ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာအကူအညီများ ဖြတ်တောက်ရန် လှုံ့ဆော်ခဲ့ပြီး တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေကို ဆုတ်ယုတ်သွားစေခဲ့တာပါ။…

ယူကရိန်းနဲ့ ရုရှားငြိမ်းချမ်းရေး ရဖို့ အင်ဒိုသမ္မတ ညှိနှိုင်းပေးဖို့ ကမ်းလှမ်း

ဂျာကာတာ – ဇူလိုင်(၁) ငြိမ်းချမ်းရေးရဖို့ကြိုးပမ်းတဲ့အနေနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယူကရိန်း သမ္မတနဲ့ ရုရှား ခေါင်းဆောင်တို့ကို စေ့စပ်ညှိနှိုင်းပေးဖို့ ဇွန်လ(၂၉) ရက်နေ့က ကမ်းလှမ်းလိုက်ပါတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဆွေးနွေးချိန် သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ကမ်းလှမ်းချက်ကို ဇယ်လန်း စကီးက ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ သမ္မတဝီဒိုဒိုဟာ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့…

လောင်စာဆီအတွက် ရုရှားနိုင်ငံကို သီရိလင်္ကာဝန်ကြီးနှစ်ပါး စေလွှတ်

ကိုလံဘို – ဇူလိုင်(၁) နိုင်ငံရဲ့စီပွားရေးပြိုလဲနေချိန်မှာ လိုအပ်ချက်တွေထဲက တစ်ခုပါအဝင်ဖြစ်တဲ့ လောင်စာဆီ အတွက်ညှိနှိုင်းဖို့ သီရိလင်္ကာအစိုးရ ဝန်ကြီးနှစ်ဦးကို ရုရှားနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့လို့ ရုရှားရဲ့ စွမ်းအင်တင်သွင်းမှုတွေကို ဖြတ်တောက်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက ဆောင်ရွက်ထားကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လာပြီး ရုရှားရေနံစိမ်း ကိုလျှော့စျေးနဲ့ ဝယ်ယူလိုတဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။ သီရိလင်္ကာစွမ်းအင်ဝန်ကြီး Kanchana…

ချုပ်ရက်လျော့ပေ့ါသက်သာခွင့်ရသောကြောင့် ဘန်ကောက်မြို့ရှိ ရေဆိုးမြောင်းများရှင်းလင်းရေးကို အကျဥ်းသားများ ပါဝင်ဆောင်ရွက်

ဘန်ကောက် ၊ ဇွန် (၃၀) ဘန်ကောက်မြို့ရှိ မိလ္လာနှင့် ရေဆိုးမြောင်းများကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန့်ရှင်းရေးတွင် အကျဥ်းသားများစေတနာ့ဝန်ထမ်းအနေဖြင့် ပါဝင်ခဲ့ကြပါတယ်။ ကပ်ရောဂါအကြိုကာလမှာ ပြစ်ဒဏ်ကျခံနေရသူများသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁.၅ မီတာ (ငါးပေ) သာရှိသော မြို့တော်ရဲ့ ရေဆိုးမြောင်းများကို သန့်ရှင်းရေးလုပ်ရန် စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ပြီး နှစ်ရှည်လများ ထောင်ဒဏ်များကို လွတ်ကင်းစေမှာ ဖြစ်ပါတယ်။ “ဒါဟာ တော်တော်ခက်ခဲပြီး…

လူမျိုးရေးပဋိပက္ခ ဖြစ်အောင် တွစ်တာမှာ လှုံဆော်ခဲ့တဲ့ သတင်းထောက်ဖမ်းဆီးခံရ

နယူးဒေလီ – ဇွန်(၃၀) နိုင်ငံတွင်း ဟိန္ဒူနဲ့ မွတ်ဆလင် လူမျိုးတွေ ကို ဆက်ဆံရေး တင်းမာမှုတွေဖြစ်ပေါ်စေဖို့ လှုံဆော်တဲ့ အကြောင်းအရာတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တွစ်တာမှာ ဖော်ပြခဲ့တဲ့ နာမည်ကြီး မွတ်ဆလင်သတင်းထောက်တစ်ဦးကို အိန္ဒိယတရားရုံးက ဇွန်လ(၂၈) ရက်နေ့က ရဲတပ်ဖွဲ့ကို လေးရက်ကြာ စစ်ဆေးမေးမြန်းခွင့်ပြုခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို ပြီးခဲ့တဲ့ (၄) နှစ်က…

တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားငါးဖမ်းသမားတွေကို အခွင့်အရေးချိုးဖောက်တယ် လို့စွပ်စွဲခံထားရ

ဆိုးလ် – ဇွန်(၃၀) သင်္ဘာပေါ်မှာ လာပါလာတဲ့ တခြားသူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် ခဲ့ပြီး နောက်မှာတော့ မြောက်ကိုရီးယားငါးဖမ်းသမားနှစ်ဦးကို တရားဥပဒေအရ လုပ်ထုံးလုပ်နည်း တွေမရှိပဲ တောင်ကိုရီးယားအစိုးရက ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက် တာဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ပြောဆိုခဲ့ပါတယ်။ နျူကလီးယားကင်းစင်ရေး စေ့စပ်ညှိနှိုင်းမှုတွေကြောင့် အရင်အစိုးရက မြောက်ကိုရီးယားကို မျက်နှာသာပေးဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက…

ဆန် အန်တိုနီယိုတွင် ထရပ်ကားဖြင့် ရွှေ့ပြောင်းလာသူ ၄၀ ကျော် သေဆုံးခဲ့ပြီး အခြားသူများဆေးရုံတင်ထားရ

မက္ကဆီကို ၊ ဇွန် (၂၉) တက္ကဆက်ပြည်နယ် ဆန် အန်တိုနီယိုတွင် ဇွန်လ ၂၇ ရက်က ရွှေ့ပြောင်းလာသူ (၄၆) ဦး သေဆုံးခဲ့ပြီး ၎င်းဖြစ်ရပ်သည် အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် လူမှောင်ခိုကူးမှုတွင် အဆိုးရွားဆုံး ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်တယ်လို့ မြို့တော်မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။ နောက်တွဲယာဉ်အတွင်းမှ ကလေးငယ်လေးဦးအပါအဝင် အခြားလူ ၁၆ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး အပူဒဏ်နှင့်…

မူးယစ်ဆေးဆိုင်ရာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သမ္မတ ဒူတာတေး တရားရုံးမှာ ရင်ဆိုင်ရဖို့ မရှိ

မနီလာ – ဇွန်(၂၉) ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ ထောင်နဲ့ချီတဲ့ မူးယစ်ဆေးသံသယရှိသူတွေကို ပစ်သတ် ဖို့ရဲတွေကို အမိန့်ပေးခဲ့ပေမယ့် ရာထူးက ထွက်ခွါချိန်မှာ စွဲချက်တင်ခံရဖို့မရှိနိုင်ဘူးလို့ လေ့လာ သူတွေက ပြောပါတယ်။ ဒူတာတေးလက်မှတ်ထိုးထားတဲ့ နိုင်ငံတွင်းမူးယစ်ဆေးဝါးပပျောက်ရေးမူဝါဒကို ရှုတ်ချထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ လှုံဆော်မှုတွေရှိနေတာပါ။ နိုင်ငံရဲ့ အာဏာရှင်ဟောင်းရဲ့သားဖြစ်သူ ဖာဒီနန်မားကိုစ် က ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံ…

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြောင်းရွှေးထားဖို့ ကမ္ဘောဒီးယားသံအမတ်တောင်းဆို

ဖနွမ်းပင် – ဇွန်(၂၉) ကမ္ဘောဒီးယားနိုင်ငံခားရေးဝန်ကြီး က မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဖယ်ရှားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရနိုင်ငံများအသင်းရဲ့ အထူးသံတမန်ဖြစ်တဲ့ ဆွန်ခွန်က စစ်ကောင်စီနိုင်င့ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောခဲ့တာပါ။ “နိုင်ငံရေးနည်းလမ်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကရော မြန်မာနိုင်ငံကပါ အရေးကြီးတဲ့…

နိုင်ငံတဝန်းမှာ မြေမြုပ်မိုင်းကြောင့် ကလေးသူငယ် ၁၀၀ ကျော် သေဆုံးဒဏ်ရာရ

မော်လမြိုင် ၊ ဇွန်(၂၈) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစပြီး မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အနည်းဆုံး ကလေးသူငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။ UNICEF ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ကြောင့်…