သတင်း

မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လို့ ပြည်သူတွေ အခက်ကြုံနေရ

မော်လမြိုင် ၊ သြဂုတ် (၁၃) မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်လာပြီးနောက် လိုသလောက် ဝယ်ယူလို့မရတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ကနေ သြဂုတ် ၁၂ ရက်ထိ အခုတစ်ပတ်အတွင်း တစ်လီတာကို ကျပ် ၁၇၀၀ ကနေ ကျပ် ၂၃၀၀…

ဒီမော့ဆိုမှာ စစ်ကောင်စီက EAOs အဖွဲ့တချို့နဲ့ညှိနှိုင်းပြီး စစ်ရှောင်တွေကို နေရပ်ပြန်လာဖို့ ဖိတ်ခေါ်နေ

ဒီမော့ဆို ၊ သြဂုတ် (၁၃) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ ညှိနှိုင်းပြီး စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်နေတယ်လို့ ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့နဲ့ နယ်မြေတည်ငြိမ် အေးချမ်းနေကြောင်း နိုင်ငံတကာကို ချပြဖို့အတွက် စစ်ရှောင်တွေကို နေရပ် ပြန်လာကြဖို့ ဖိတ်ခေါ်တာပါ။ စစ်ရှောင်ပြည်သူတွေ…

ကျေးဇူးတော်ရွာမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်

ရေဖြူ ၊ သြဂုတ် (၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာအနီးကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၁၂ ရက်နေ့ မနက် ၈ နာရီလောက်ကစပြီး စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ကျေးဇူးတော်ကျေးရွာအနီးကို…

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီ ဗိုလ်မှူးအဆင့် အပါအဝင် ၅၀ ဦး သေဆုံးတယ်လို့ KNU ထုတ်ပြန်

ညောင်လေးပင် ၊ သြဂုတ် (၁၃) ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်မှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တွေအကြား ထိတွေ့တိုက်ပွဲ (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအ ပါအဝင် အယောက်(၅၀)နီးပါး သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်(၁၀)ရက်နေ့က ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ တယ်ပေါနဲ့ကရင်မြက်ရဲကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၈)တို့အကြား…

အခက်အခဲတွေကြားက စစ်အာဏာရှင်ကျရှုံးရေး ပြည်ကြီးတံခွန်သပိတ်အင်အားစု ဆန္ဒထုတ်ဖော်

မန္တလေး -ဩဂုတ်(၁၂) ဒီနေ့ ဩဂုတ်လ(၁၂) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး အခက်အခဲတွေ ဖိအားတွေကြားက အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးရေးအတွက် ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

မျိုးဆက်သစ်ရဲ့ အားနဲ့မာန်ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ရန်

ယင်းမာပင် – ဩဂုတ်(၁၂) ဒီနေ့ ဩဂုတ်လ(၁၂) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် ကော်မတီ ကဦးဆောင်ပြီး “မျိုးဆက်သစ်ရဲ့အားနဲ့မာန် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ရန်” ဆိုခဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းထားရ

မော်လမြိုင် ၊ သြဂုတ် (၁၂) မွန်ပြည်နယ်တဝန်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် အိမ်ခြေ ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ပြည်နယ်အတွင်းမှာ ကားလမ်း ရေကျော်တာနဲ့ မြေနိမ့်ပိုင်း ရပ်ကွက်၊ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာပါ။…