သတင်း

စီးပွားရေးမြှင့်တင်ဖို့ ချေးငွေအတိုးနှုန်းတွေ တရုတ်ဗဟိုဘဏ်လျှော့ချ

ပေကျင်း – ဩဂုတ်(၂၃) အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်မူဝါဒနဲ့ အိမ်ခြံမြေစျေးကွက်ကျဆင်းမှုတို့ကြောင့် စီးပွားရေးမြှင့် တင်ဖို့ ကြိုးပမ်းမှုအဖြစ် တရုတ်ဗဟိုဘဏ်က ချေးငွေနှုန်းထားတွေကို လျှော့ချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ကိုဗစ်ကန့်သတ်ချက်တွေဖြေလျှော့ပေးပြီးနောက် စီးပွားရေးဟာ တိုးတက်မှု ရှိလာပေမယ့် ပုံမှန်ထက် အားနည်းနေသေးတာပါ။ ကော်ပိုရိတ်ချေးငွေတွေအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် ဆောင်ရွက်တဲ့တစ်နှစ်ချေးငွေ အဓိကနှုန်းထားကို (၃.၇%) မှ (၃.၆၅%) ကို လျှော့ချလိုက်တယ်လို့…

ဇင်းကျိုက် ဆံတော်ရှင်ဘုရားကို သွယ်ထားတဲ့ လျှပ်စစ်မီးကြိုးတွေ မီးပြတ်နေစဉ် ခိုးယူခံရ

မော်လမြိုင်၊ ဩဂုတ်၊ (၂၃) မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက် ဆံတော်ရှင်ဘုရားကို သွယ်တန်းထားတဲ့ 11 KV လျှပ်စစ်မီးကြိုးတွေ မီးပြတ်နေစဉ်မှာ ဖြုတ်ယူခိုးခံခဲ့ရတယ်လို့ ဂေါပကအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဩဂုတ်လ ၂၁ ရက်ညပိုင်း မီးပြတ်နေစဉ်မှာ မီတိုင် ၄ တိုင်စာ အရှည်ပေ ၈၀၀ နီးပါးရှိတဲ့ ၂ ချောင်းလိုင်း ကေဘယ်တွေကို ခိုးယူသွားတာဖြစ်ပါတယ်။…