သတင်း

ဒီမော့ဆိုမှာ စစ်ကောင်စီတပ် အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

ဒီမော့ဆို ၊ သြဂုတ် (၁၆) နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က တပ်အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အရင်ရှိပြီးသာ တပ်အင်အား ၂၀၀ နီးပါးအပြင် ထပ်တိုးရောက်ရှိလာတဲ့ တပ်အင်အား ၄၀၀ နီးပါး၊…

မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးရိုက်နက်နှိပ်စက်တာတွေ ဆက်တိုက်လုပ်ဆောင်လာ

မုန်း ၊ သြဂုတ် (၁၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဒေသခံအရပ်သားပြည်သူတချို့ကိုဖမ်းဆီးပြီး ရိုက်နှက်ထိုးကြိတ်မှုတွေလုပ်ဆောင်ခဲ့တဲ့အပြင် ငွေသားကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်(၁၃)ရက်နေ့ မနက်(၁၀)နာရီအချိန်က ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ အသက်(၄၀)အရွယ် အောင်းလောင်းစိန်ကျေးရွာသား စောသဂေနဲ့ အသက်(၁၇)နှစ်အရွယ် နောင်ဘိုကျေးရွာသား စောတာအယ်မူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ အောင်းလောင်းစိန်ရွာသား…

အမှန်/အမှာ:

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” တီးတိန်မြို့နယ်၊ ဟိုင်မွှာရွာသစ်တွင် CDFအလောင်းနဲ့လက်နက်များရရှိ”ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို သြဂုတ်လ၁၄…

စစ်အာဏာရှင်ကျရှုံးရေးပြည်ကြီးတံခွန် သပိတ်မှောက်

မန္တလေး -ဩဂုတ်(၁၅) ဒီနေ့ဩဂုတ်(၁၅)ရက်နေ့ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကျရှုံးရေး ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ

ကျိုက်ထိုမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာတဲ့ ကား တိုက်ခိုက်ခံရ

ကျိုက်ထို ၊ သြဂုတ် (၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာသုသာန်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာတဲ့ ကား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ် မရမ်းချောင်းဘက်ကနေ ကျိုက်ထိုမြို့ထဲကို မောင်းနှင်းလာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်…

စစ်အုပ်စု၏ သေဒဏ်စီရင်မှုကြောင့် ခုခံတော်လှန်စစ်အရှိန်မြှင့်တင်လာနိုင်မလား

(Myanmar Peace Monitor Weekly Peace Review)ဦးကျော်မင်းယု(ခ)ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ (၄)ဦးအား အာဏာသိမ်းစစ်အုပ်စုက သေဒဏ်စီရင်မှုပြီးစီးကြောင်း သတင်းထုတ်ပြန်မှုအလွန်တွင် ၁၈ လကြာမြင့်လာခဲ့သည့် စစ်အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ရင်ဘတ်တွင် ကြေကွဲဝမ်းနည်းမှု၊ စိတ်မကောင်းဖြစ်မှုများ ကိုယ်စီကိုယ်စီဖြစ်တည်စေခဲ့သည်။ အလားတူ တိုင်းရင်းသားပြည်သူတရပ်လုံး၏ အသိစိတ်၊ အထူးသဖြင့် ဦးနှောက်တွင်မူ ငါတို့နိုင်ကိုနိုင်မှဖြစ်မယ်ဆိုသည့် နှိုးဆွမှုသည် နွေဦးတော်လှန်ရေးအတွင်းရှိ အင်အားစုအသီးသီးကို…

ယောဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတခု မီးလောင်ခဲ့လို့ ကျပ်သိန်း(၃၀၀) ကျော်တန်ဖို့ ရှိတဲ့ပစ္စည်း တွေဆုံးရှုံးခဲ့ရ

ယော – ဩဂုတ်(၁၅) နှာယမ်းအပူလွန်ကဲပြီး မီးလောင်ခဲ့တာကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ကျပ်သိန်း(၃၀၀) ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးသွားခဲ့တယ်လို့ YPDF က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁) ရက်နေ့ ညပိုင်းက အပူလွန်ကဲကာ လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်သွား ခဲ့တာဖြစ်ပြီး ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိခဲ့ပါဘူး။ “ကျွန်တော်တို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)…