စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အချိန်မီထိရောက် စွာအရေးယူဖို့ NUG တိုက်တွန်း
မော်လမြိုင် – ဩဂုတ်(၁၆) နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှအသုံးပြုပြီး အချိန်မီထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နယ်စပ် ဒေသက တိုင်းရင်းသားပြည်သူတွေ စစ်ဘေးသင့်ပြည်သူတွေ၊အကြမ်းဖက်စစ်ကောင်စီရဲ့ ဘေးအန္တရာယ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ၊ အသက်(၅) နှစ်အောက်ကလေးငယ်တွေ ပုံမှန်ရရှိသင့်တဲ့…