စက်သုံးဆီတင်သင်္ဘောတွေ ဝင်ရောက်နေပေမယ့် ခွဲတမ်းစနစ်ကြောင့် ဆီရရှိမှု ကြာန့်ကြာနေ
ရန်ကုန် ၊ သြဂုတ် (၁၇) ရန်ကုန်သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သင်္ဘောတွေ ဝင်ရောက်နေပေမယ့် စစ်ကောင်စီရဲ့ ခွဲတမ်းစနစ်ကြောင့် ဆီရရှိမှု ကြာန့်ကြာနေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံတဝန်းမှာ ဩဂုတ် ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုနဲ့အတူ ခွဲတမ်းစနစ်ကြောင့် စက်သုံးဆီ ပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရသလို ပြည်သူတွေအများစုကလည်း ဆီရရှိဖို့အတွက် အချိန်ကုန်ခံ…