TLT Tv||- စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုအပေါ် အာဆီယံအဖွဲ့ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ရှုံ့ချ
https://youtu.be/kZb4PdAqrGA
https://youtu.be/kZb4PdAqrGA
https://youtu.be/5-N_UlNQh8o
https://youtu.be/4yQDnFhuvT0
တနင်္သာရီ၊ ဇူလိုင် ၃၁ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက ပဝ၊ လယ်သစ်၊ သရဖုံနဲ့တကူးကျေးရွာတွေမှာ PDF တွေနဲ့ပြည်သူတွေပူးပေါင်းကာ လူထုသစ္စာအဓိဌာန်ပြုပွဲပြုလုပ်ခဲ့ပြီး ရာနဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်း – သံလွင်တိုင်းမ်
မန္တလေး-ဇူလိုင်(၃၁) ဒီနေ့ဇူလိုင်လ(၃၁) ရက်နေ့ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး လူထုသစ္စာ အဓိဌာန် ပြုပွဲနဲ့ စစ်အာဏာရှင် တော်လှန်ရေး ချီတက်သပိတ်မှောက်ခဲ့ပါတယ်။ဓ ာတ်ပုံ -CJ
ရန်ကုန်- ဇူလိုင်(၃၁) တောင်ဒဂုံမြို့နယ်ဆန္ဒပြပွဲအပြန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ကျဆုံးသွားတယ်လို့ Yangon Drone က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့ လူငယ်ဟာ ဇူလိုင်လ(၃၀) ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမှန်တရားကို အမှားတစ်ရာ ဖမ်းထားသည်ဆိုတဲ့ ဆန္ဒပြပွဲမှာ ဂျပန်နိုင်ငံသားနဲ့ အတူဖမ်းဆီးခံထားရတာပါ။ “ကျဆုံးသွားတာ ၈၀% လောက်သေချာပါတယ်။ ခေါင်းတွေကိုသေနတ်ဒင်တွေနဲ့ရိုက် ခြေတွေ နဲ့ကန် ကြတာ…
ဆားလင်းကြီး – ဇူလိုင်(၃၁) ဒီနေ့ ဇူလိုင်လ(၃၁) ရက်နေ့ မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူထု သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး “တရားတဲ့သူသာနိုင်ကြေးဟေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်
ဇူရစ် ၊ ဇူလိုင် (၃၁) ထိုင်ဝမ်ကို ကျူးကျော်လာရင် ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုမှန်သမျှကို ကြားနေနိုင်ငံအနေနဲ့ ချမှတ်ပေးဖို့ ဆွစ်ဇာလန်အေဂျင်စီ အကြီးအကဲက မျှော်လင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့အချုပ်အခြာအာဏာကိုလက်ခံဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖိအားပေးတဲ့အနေဖြင့် ထိုင်ဝမ်တစ်ဝိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်အစိုးရကတော့ ကျွန်းရဲ့ (၂၃) သန်းသော…
ပါရီ – ဇူလိုင်(၃၁) ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်အစိုးရက ကွပ်မျက် ခဲ့တာနဲ့ပတ်သတ်ပြီးဆန့်ကျင်ဖို့ ပါရီမြို့ ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဇူလိုင်လ(၂၉) ရက်နေ့ က ဆင့်ခေါ်ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက AFP ကို ပြောခဲ့ပါတယ်။ စစ်ကောင်စီက ကွပ်မျက်ခဲ့တာဟာ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပြီးနောက်ဆက်တွဲ ဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေတဲ့အတွက် စစ်အစိုးရကို နိုင်ငံတကာ က…
ဘရာစေးလေးယား – ဇူလိုင်(၃၁) အာဖရိကတိုက်အပြင်ဘက်မှာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါနဲ့ ဆက်နွယ်ပြီး ပထမဆုံးလူသေဆုံးမှုဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး စပိန်က သေဆုံးမှုကို အတည်မပြု နိုင်သေးချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အသက်(၄၁) နှစ်အရွယ်ဘရာဇီးနိုင်ငံသားအမျိုးသားတစ်ဦးဟာ ကင်ဆာရောဂါနဲ့ ခုခံအားစနစ် အားနည်းနေသူဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားတာပါ။ ရောဂါကူးစက်မှုတွေကြောင့် သူ့ရဲ့ အခြေအနေပိုမိုဆိုးရွားလာခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောဆို ထားပြီး လူနာကို အရှေ့တောင်ပိုင်းက ဘီလိုဟော်ရီဇွန်တီမှာ…