သတင်း

ယူကရိန်း ဆန်တင်ပို့မှု ပုံမှန်အခြေအနေဖြစ်ဖို့ နီးစပ်မှုတွေရှိလာပြီလို့ အမေရိကန်ဆို

ကီးယက် – ဩဂုတ်(၂၅) စားနပ်ရိက္ခာပြတ်လပ်မှု လျော့ပါးသက်သာစေဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေအတွက် အောင်ပွဲ တစ်ခုအနေနဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားကျုးကျော်မှုမတိုင်ခင်ကအတိုင်း ဆန်တင်ပို့မှု လုပ်နိုင်မယ့် လမ်းကြောင်းပေါ်ပြန်ရောက်နေပြီလို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကြောင့် ယူကရိန်းဟာ ဩဂုတ်လမှာ စိုက်ပျိုးရေးထွက်ကုန် မက်ထရစ်တန်လေးသန်းအထိ တင်ပို့ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီလို့ အမေရိကန်နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက AFP ကို ပြောဆိုခဲ့တာပါ။…

စစ်အာဏာသိမ်း ရက် (၅၇၀) အတွင်း သတ်ဖြတ်ခံရသူ ၂၂၃၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၂၅ AAPP ၏ ဩဂုတ်လ (၂၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၀)အတွင်း ပြည်သူ (၂၂၃၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၂၁၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ ကြက်သွန်နီဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၂၅) မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာ အာဏာသိမ်းမှု ကယက်ကြောင့် ကြက်သွန် စိုက်ပျိုးမှု ထက်ဝက်နီးပါး ကျဆင်းလာပြီးနောက် မွန်ပြည်နယ်မှာ ကြက်သွန်နီးဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေနဲ့ ကြက်သွန်စိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်ဟာ မီးဖိုချောင်းသုံးဖြစ်တဲ့ ကြက်သွန်နီတွေကို အထက်အညာဒေသတွေ ဖြစ်တဲ့ မုံရွာ၊ တောင်သာ ၊ မလှိုင်၊…

လူမှားပြီး ရှင်းလင်းတဲ့ဖြစ်စဉ်တွေကို ဖော်ထုတ်အရေးယူမယ်လို့ NUG ပြော

ရန်ကုန် ၊ သြဂုတ် (၂၅) စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်ဆိုသူတွေကို ရှင်းလင်းချိန်မှာ မှားယွင်းပစ်ခတ် ရှင်းလင်းမှုတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရNUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒလန်အဖြစ်ရှင်းလင်းတဲ့ ဖြစ်စဉ်တွေဟာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တဲ့ပုံစံဖြစ်မဖြစ်ကို စုံစမ်း စစ်ဆေးအရေးယူတာတွေလုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ စစ်ရေးပစ်မှတ်တွေကို မှားယွင်းတိုက်ခိုက်မှုတွေ၊ ရှင်းလင်းမှုတွေမဖြစ်စေဖို့ NUG အနေနဲ့…

အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU တုံ့ပြန်

ဝင်းရေး ၊ သြဂုတ် (၂၅)ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲကို လေကြောင်း၊ကြည်းကြောင်းနဲ့ အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ဆင်ကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးအမျိုးမျိုးသုံးကာ တရစပ် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ တပ်မဟာ(၆)ထဲ…

“ဘယ်(/)မျဥ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ “

ယင်းမာပင် -ဩဂုတ် (၂၄) ဒီနေ့ဩဂုတ်လ (၂၄) ရက်နေ့ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီကဦးဆောင်ပြီး “ဘယ်(/)မျဥ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ “ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ

ကျိုက်ထိုမှာ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထို ၊ သြဂုတ် (၂၄) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သြဂုတ်လ ၂၄ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၂၄ ရက်နေ့ မနက် ၇ နာရီလောက်က စစ်တောင်းဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ကား…

မန္တလေးမှာ မှားယွင်းပစ်ခတ်မိလို့ သေဆုံးခဲ့ရတဲ့ မိသားစုအတွက် အပြစ်ခံယူမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ပြောဆို

မန္တလေး – ဩဂုတ်(၂၄) မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မှာ ဇနီးမှောင်နှံနှစ်ဦးကို မှားယွင်းပစ်ခတ်မိခဲ့တဲ့အတွက် နစ်နာသူမိသားစုဝင်တွေကို တောင်းပန်ပြီး အပြစ်ကိုခံယူသွားမယ်လို့ Tiger Force Mandalay က ထုတ်ပြန်ထားပါတယ်။ အရပ်သားပြည်သူတွေကို မှားယွင်းပစ်ခတ်မိတာဟာ Tiger Force Mandalay အဖွဲ့နဲ့သာသက် ဆိုင်ပြီး အဲ့ဒီအတွက် တာဝန်ယူမှုတာဝန်ခံမှုနဲ့အတူ နစ်နာခဲ့တဲ့ မိသားစုဝင်တွေနဲ့ ပြည်သူတွေကို တောင်းပန်ထားသလို တချိန်ချိန်မှာ…

၁၀ တန်းစနစ်ဟောင်း စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ ကြေညာ

ရန်ကုန် ၊ ဧပြီ (၂၄) လာမယ့်နှစ် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းစာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာတွေကို စက်တင်ဘာ ၁ရက်နေ့ကနေ လကုန်ထိ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် ၂၃ ရက်နေ့မှာ ကြေညာပါတယ်။ ၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုတာ မရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် စနစ်ဟောင်း၊သင်ရိုးဟောင်း စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ…

မြိုင်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးများပြားခဲ့

မြိုင် – ဩဂုတ်(၂၄) မကွေးတိုင်း မြိုင်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ နှစ်ရက်တာ တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်(၆) ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၈) ဦးသေဆုံးခဲ့တယ် လို့ Myaing’s Heroes Generations PDF ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၃) ရက်နေ့မှာ သဒွတ်ကျေးရွာနဲ့ ပေါက်ခေါင်းကျေးရွာကြားမှာ မနက်(၈) နာရီကနေ နေ့လည်(၁) နာရီလောက်ထိတိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ…