သတင်း

ဧပြီလကနေ ဇူလိုင်လ အတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ ကန်ဒေါ်လာသန်း(၈၀၀​) မြန်မာနိုင်ငံရရှိခဲ့

နေပြည်တော် – ဩဂုတ်(၂၆) စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ဧပြီလကနေ ဇူလိုင်လအတွင်း တရုတ်နဲ့ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း(၈၀၀) ရရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ ဖြုတ်ချ ပြီးနောက်ပိုင်း တိုင်းပြည်ဟာ ပရမ်းပတာဖြစ်ခဲ့သလို စီးပွားရေးအားလုံးပြိုလဲသွားခဲ့တာပါ။ တိုင်းပြည်ရဲ့ စီးပွားရေး ပြိုလဲသွာတဲ့အတွက် ကျပ်ငွေတပ်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု တွေမြင့်တက်နေသလို…