ပြည်သူတွေကို ကာကွယ်ပေးဖို့ထက် ရဲတွေဟာသူတို့လုံခြုံရေးကို ပြန်စိုးရိမ်နေကြတယ်လို့ ဥပဒေပညာရှင်တွေဝေဖန်
ရန်ကုန် ၊ သြဂုတ် (၂၇) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အေက်ခံ ရဲတပ်ဖွဲ့ကတော့ သူတို့ရဲ့ လုံခြုံရေးကိုစိုးရိမ်ပြီး ပြည်သူတွေကို ကာကွယ်ပေးတာမရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေက ဝေဖန်ခဲ့ပါတယ်။ ပြည်သူတွေဟာ အပြင်ထွက်ချိန်တွေမှာ ပိုက်ဆံအိတ်၊လက်ကိုင်ဖုန်းတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ နေ့စဉ်လုယက်ခံနေရတာ အများပြည်သူသုံးဘတ်စ်ကားလိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတာ အုပ်စုဖွဲ့လုယက်ခံရတာတွေကြုံတွေ့နေရပါတယ်။ ဒါဟာစစ်ကောင်စီက နိုင်ငံရေးအမှုတွေနဲ့ဖမ်းဆီးထားတဲ့သူတွေကိုထိန်းသိမ်းထားဖို့နေရာမရှိတော့တဲ့အချိန် မှာ ထောင်ထဲမှာရှိတဲ့ ခိုးဆိုးလုနှိုက်တွေနဲ့ ရာဇဝတ်မှုတွေနဲ့…