သတင်း

ထားဝယ် သပိတ်မျှောပွဲလုပ်မယ့် နေရာ ဗုံးပေါက်

ထားဝယ်၊ အောက်တိုဘာ ၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်း သဲကွင်းရှိ သပိတ်မျှောပွဲပြုလုပ်မယ့်နေရာမှာ အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယနေ့ ညနေ ၅ နာရီကျော်ခန့်မှာ သပိတ်မျှောပွဲပြုလုပ်မယ့် ဖျော်ဖြေရေးမဏ္ဍပ်အောက်ကနေ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူထိခိုက် တာမရှိပေမယ့်လည်း ဖျော်ဖြေရေးစင်ကတော့ အောက်ကြမ်းခင်းနဲ့ အပေါ် အမိုးတွေ ပွင့်ထွက်ကုန်တယ်လို့…

စားအုန်းဆီဈေးနှုန်း တစ်ပိဿာကို ၁၅၀၀ခန့် ပြန်လည်ကျဆင်းလာ

ရန်ကုန်၊ အောက်တိုဘာ (၆) ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းဟာ တစ်ပိဿာကို ကျပ်ကိုးထောင်ဝန်းကျင်အထိ ဈေးမြင့်နေရာကနေ အောက်တိုဘာ ပထမအပတ်မှာ လက်လီဈေးတစ်ပိသာကို ကျပ် ၇၀၀၀ ဝန်းကျင်အထိပြန်လည်ကျဆင်းလာပါတယ်။ အရင်က လက်ကားဈေး သတ်မှတ်နှုန်းကို တစ်ပိဿာလျှင် ၄၀၂၀ ကျပ် ဈေးသတ်မှတ်ပေးထားပေမယ့် လက်လီဈေးကွက်မှာတော့ လက်ကားဈေးထက် ဈေးနှစ်ဆအထိ မြင့်တက်နေခဲ့တာပါ။ စားအုန်းဆီဈေးတွေဟာ အောက်တိုဘာလ ၄ရက်နေ့ကစတင်ပြီး တစ်ပိဿာ ကျပ်…

ထိုင်းမှာရဲအရာရှိဟောင်းတစ်ဦး မူကြိုကျောင်းဝင်းအတွင်း သေနတ်နဲ့ ပစ်လို့ ကလေးငယ် အပါအဝင် (၃၄) ဦးသေဆုံး

ဘန်ကောက်၊ အောက်တိုဘာ (၆) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ်တစ်ခုရှိ နေ့ကလေးထိန်းကျောင်းကို ရဲအရာရှိဟောင်းတစ်ဦးက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ(၃၄) ဦးသေဆုံးကာ အဲ့ဒီအထဲမှာ ကလေးငယ် (၂၂) ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေနတ်သမား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်မှာ ကလေးအယောက်(၃၀) လောက်ဟာ နေ့လည်စာ စားနေချိန်ဖြစ်ပြီး ကျောင်းဝန်ထမ်း(၅) ဦးကိုအရင်ပစ်ခတ်ခဲ့ကာ အဲ့ဒီထဲမှာ ကိုယ်ဝန် (၈)…

မြောက်ကိုရီးယားကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်က ပဲ့ထိန်းဒုံးတွေ ပြန်လည်ပစ်ခတ်

ဆိုးလ်၊ အောက်တိုဘာ (၆) မြောက်ကိုရီးယားက ဂျပန်ကိုဦးတည်ပြီး ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုတွေကို ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားနဲ့ အမေ ရိကန်စစ်တပ်တို့ ပူးပေါင်းပြီး ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်စမ်းသပ်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုဟာ “အန္တရာယ်ရှိပြီး မဆင်မခြင်ပြုမှုခြင်း”ဖြစ်တယ်လို့ ဟု ဝါရှင် တန်က ရှုတ်ချခဲ့တာပါ။ နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားဟာ ယခင်ကထက်ပိုမိုမြန်ဆန်တဲ့ အလတ်တန်းစား ပဲ့ထိန်းဒုံး ကျည်တွေကို…

ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်နေ

ဒါကာ – အောက်တိုဘာ(၆) ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေရာအနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်နေတဲ့အတွက် အာဏာပိုင်တွေက လျှပ်စစ်ဓာတ်အား ပြန်လည်ရရှအောင်ဖြည်းဖြည်းချင်းလုပ်ဆောင်နေတယ် လို့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၄) ရက်နေ့ နေ့လည်ပိုင်းက မဟာဓာတ်အားလိုင်းချို့ယွင်းသွားခဲ့တဲ့ အတွက် နိုင်ငံတဝှမ်းမှာ (၇၅) ရာခိုင်နှုန်းကနေ (၈၀) ရာခိုင်နှုန်းအထိ မီးပြတ်သွားတာဖြစ်တယ် လို့ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့တာဝန်ရှိသူ ရှားမီးလ်ဟာဆန် ကရိုက်တာကို ပြောခဲ့တာပါ။…

လေယာဉ်ဖျက် နျူကလီးယား ဒုံးကျည်တွေကို ထုတ်ဖော်ပြသပြီး တရုတ်က အမေရိကန်ကို သတိပေး

လေယာဉ်ဖျက် နျူကလီးယား ဒုံးကျည်တွေကို ထုတ်ဖော်ပြသပြီး တရုတ်က အမေရိကန်ကို သတိပေး ဘေဂျင်း၊ အောက်တိုဘာ (၆) တရုတ်အစိုးရက အမေရိကန်ကို သတိပေးတဲ့ အနေနနဲ့ တရုတ်နိုင်ငံရဲ့ နျူစွမ်းရည်အမြင့်ဆုံး လက်နက်တွေလို့ ယူဆရတဲ့ နျူကလီးယား ဒုံးကျည်လေယာဉ်တင်သင်္ဘောတွေနဲ့ ဒုံးကျည်တွေကို အမျိုးသားနေ့ အထိမ်းအမှတ်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ စွမ်းရည်မြင့် Dongfeng ဒုံးကျည်နှစ်စင်းဟာ အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး…

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်

စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဟာ ဘယ်အရာကို ဦးတည်နေတာလဲ။ စစ်အုပ်စုနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာတွေ ဖြစ်လာမလဲ။ အာဏာတည်မြဲဖို့ ကြံ့ခိုင်ရေးပါတီကိုပါ ထိန်းချုပ်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ အနာဂတ် အိပ်မက်က ဘာလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ…

ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ကြောင်း လီဗာကူဆင်အသင်း အတည်ပြုကြေညာ

မော်လမြိုင်၊ အောက်တိုဘာ (၆) ဂျာမန်ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ စပိန်လက်ရွေးစင်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။ လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါ်တိုအသင်းကို ၂ ဂိုး ဂိုး မရှိရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အသင်းနည်းပြဖြစ်သူ ဆီယိုအန်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဇာဘီအလွန်ဆိုကို နည်းပြအဖြစ်…

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲလို့ မက္ကသာကျေးရွာက ဘုန်းကြီးကျောင်းမီးလောင်ပျက်ဆီး

ဘုရားသုံးဆူ – အောက်တိုဘာ(၆) KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့အနီးက မက္ကသာကျေးရွာထဲကို စစ်ကောင်စီကဗုံး ကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းမီးလောင်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကလွင်တိုင်းမ် ကိုပြောပါတယ်။ အောက်တိုဘာလ(၆) ရက်နေ့ မနက်(၂) နာရီခွဲလောက်က ဗုံးကြဲတိုက်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအပြင် တခြားနေရာတွေလည်း ထိခိုက်မှုတွေရှိခဲ့တာပါ။ မနက်(၈) နာရီခွဲလောက်မှာတော့ ဘုရားသုံးဆူမြို့ မက္ကသာကျေးရွာဘက်ကို စစ်ကောင်စီရဲ့ လေယာဉ်ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်…