အပစ်ရပ်ကာလအတွင်း အရပ်သားတွေသေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ စစ်ကောင်စီဆက်လက်ပြုလုပ်နေ
မော်လမြိုင်၊ မေ ၃ စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကြေညာခဲ့တဲ့ ယာယီအပစ်ခတ်ရပ်စဲ ကာလအတွင်းမှာ ငလျင်ကြောင့် အိုးအိမ်စွန့်ခွာနေရပ်ထွက်ပြေးသူတွေခိုလှုံနေတဲ့ အရပ်သားအဆောက်အအုံတွေအပေါ် အသက်ဆုံးရှုံးစေနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Fortify Right က မေ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ “မြန်မာစစ်ကောင်စီရဲ့ ဘုရားစူး အပစ်အခတ်ရပ်စဲရေးဟာ အတုအယောင်ပါပဲ”…